Pages

Tuesday, September 30, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ ဆာဗာချို့ယွင်းမှု


RangonNewsDaily:: September . 30 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ မိုဘိုင်းဖုန်း သုံးစွဲသူများဆီကို စက်တင်ဘာလ ၂၉ရက် မနက်ပိုင်းမှာ your balance is lower than 200 kyats, please recharge soon ၊ သင့်ငွေ
လက်ကျန်ဟာ ကျပ်၂၀၀အောက်လျော့နည်းနေလို့ ပြန်လည်ဖြည့်တင်းပါဆိုတဲ့ စာသားပါ မက်ဆေ့ခ်ျများ ပေးပို့ခဲ့ပါတယ်။ 
အဲဒီ မက်ဆေ့ခ်ျ ဝင်လာပြီးတဲ့နောက် ငွေလက်ကျန် ပြန်စစ်ဆေးကြည့်ခဲ့ရာမှာတော့ ငွေလက်
ကျန်များ ရှိနေသေးတာကို တွေ့ရတယ်လို့ ငွေလက်ကျန်ကို ပြန်ပြီးစစ်ဆေးခဲ့သူတွေက ဆိုပါတယ်။

အသုံးပြုသူတချို့ကတော့ ငွေဖြည့်ကဒ်တွေ ဝယ်ယူဖြည့်တင်းတာတွေလည်း ရှိခဲ့တယ်လို့ ဖုန်းငွေဖြည့်ကဒ်ရောင်းချတဲ့ ဆိုင်ဖွင့်လှစ်ထားသူတွေက ပြောကြားခဲ့ပါတယ်ခင်ဗျာ။
::
အဲဒီ မက်ဆေ့ခ်ျဝင်လာတာဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ ဆာဗာချို့ယွင်းမှု တခု ကြောင့် ဖြစ်ပြီး ဖြည့်သွင်းထားတဲ့ ငွေလက်ကျန်တွေကတော့ အမှန်တကယ် လျော့နည်းပျောက်ဆုံးတာမျိုး မရှိဘူးလို့လည်းဆိုပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment