Pages

Monday, June 29, 2015

ရခိုင်ပြည်နယ်တွင် ရေလွှမ်းမိုးပြီး အိမ်ခြေထောင်ချီ နစ်မြုပ်


RangonNewsDaily:: June . 28 .2015
ရေလွှမ်းမိုးမှုအန္တရာယ် ရင်ဆိုင်နေရသော ဒေသများအ နက် ရခိုင်ပြည်နယ်သည် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ရေနစ်မြုပ်သော အိမ်ခြေထောင်ချီရှိနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် အမ်း၊ သံတွဲ၊ ကျောက်တော်၊ တောင် ကုတ်နှင့် ဘူးသီးတောင်မြို့တို့ ၌ ရေလွှမ်းမိုးမှု ရင်ဆိုင်ခဲ့ရပြီး ဇွန်လ ၂၇ ရက် ညနေတွင် ရေ အနည်းငယ် ပြန်ကျနေသော် လည်း ဘေးလွတ်ရာ၌ နေထိုင်ကြရန် အသံချဲ့စက်များဖြင့် သတိပေးထားသည်ဟု ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။
::
ယခုနှစ်ရေဘေးအတွက် အိမ်ထောင်စု လေးထောင်စာ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်ထား ကြောင်း ဦးမြင့်စိုးက ပြောသည်။တောင်ကုတ်မြို့ ရေကြီးမှုကြောင့်ပဲခူးရိုးမကားလမ်းပေါ်တွင် ယာဉ်အစီးရေ ရာနှင့် ချီ၍ ပိတ်ဆို့နေပြီး ကားလမ်းပေါ်တွင် မြေပြိုကျမှု အချို့ကြောင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ယင်းနေရာသို့ရောက်နေသည့် ယာဉ်မောင်းတစ် ဦးက ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့ပေါ် တွင် အိမ်ခြေတစ်ထောင်ခန့် သုံးပေခန့်အထိ ရေနစ်မြုပ်နေပြီး အောက်ရွာ၌ အဆိုးဆုံးဖြစ်ကာယင်းရွာမှ န၀မတန်းကျောင်းသားတစ်ဦး ရေနစ်မြုပ်သေဆုံးခဲ့ ကြောင်း ရေဘေးဖြစ်ရာနေရာသို့ ရောက်နေသည့် ကျောက်ဖြူမြို့ နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထွန်းထွန်းနိုင်ကပြော သည်။
::
‘‘ကိုးတန်းကျောင်းသား လေး မောင်မြင့်ထွေးတဲ့။ အိမ်ပေါ် ကနေ ကြမ်းကျွံကျပြီး ရေထဲမျော သွားတာလို့ သတင်းရတယ်’’ဟု ကိုထွန်းထွန်းနိုင်က ပြောသည်။
ရခိုင်ပြည်နယ် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနကလည်း ရေဘေး ကြောင့် န၀မတန်းကျောင်းသား တစ်ဦးသေဆုံးသည်ဟု အတည် ပြုသည်။ အခြားအမျိုးသားတစ်ဦး လည်း ရေနစ်သေဆုံးကြောင်း သတင်းများ ထွက်ပေါ်နေသော် လည်း ရေဘေးကြောင့် သွားရေး လာရေးခက်ခဲနေကာ ထိုသတင်း ကို အတည်မပြုနိုင်သေးကြောင်း ကိုထွန်းထွန်းနိုင်က ပြောသည်။ အမ်းမြို့နယ် ရခိုင်လူမှုကွန်ရက် မှ ဒေါ်သွယ်သွယ်စိုးကလည်း န၀မတန်းကျောင်းသားတစ်ဦး ချောင်း အတွင်း မျောပါသေဆုံးပြီး အမျိုးသားတစ်ဦး ထပ်မံသေဆုံးကြောင်း သတင်းကြားနေရသည်ဟု ပြောသည်။ ရဲတပ်ဖွဲ့ကမူရေဘေးကြောင့် သေဆုံးသည်ဟု အတည်မပြုပေ။
::
‘‘အောက်ရွာက ရေနစ်မြုပ် နေတာ။ ထမင်းချက်မစားနိုင်တဲ့ အနေအထားရယ်၊ ဆန်ဝယ်နိုင်တဲ့အခြေအနေမရှိတော့ အိမ်ခြေ ၃၅၀ လောက်ကို ကျွန်တော်တို့ ထမင်းထုပ်တွေ လိုက်ဝေပါ တယ်။ လူဦးရေ တစ်ထောင် လောက်ရှိတာပေါ့။ လူသေဆုံး တာက ရေဘေးကြောင့် သေတာ လို့ အတည်ပြုလို့ မရသေးပါဘူး။ ဒီနေ့တစ်နေကုန် ကယ်ဆယ်ရေး ပိုင်း လုပ်နေရတော့လေ’’ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အောင်စိုးက ပြောသည်။
အောက်ရွာမှ ရေမြုပ်အိမ် များသည် နွံများဝင်နေပြီး ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ထွေအုပ်ဝန် ထမ်းများပါ ဒေသခံများနှင့်အတူ အဆိုပါနွံများ ရှင်းလင်းနေရကာ ရေအနည်းငယ် ပြန်ကျနေပြီဖြစ် ကြောင်း ဒုတိယရဲမှူး အောင်စိုး က ပြောသည်။
::
ဇွန်လ ၂၇ ရက်က မြန်မာနိုင်ငံအနှံ့ရှိ မိုးသည်းထန်စွာ ရွာခဲ့သော မြို့ပေါင်း ၁၈မြို့ကို မိုး/ဇလဌာနက ထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်မှ ၁၀ မြို့နယ်ပါဝင်သည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့ တွင်လည်း ရေဘေးကယ်ဆယ် ရေးစခန်း လေးခုဖွင့်ထားရ ကြောင်း ပြည်နယ်ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။ မွန်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင်ပါ နေရာကွက်၍ မိုးသည်းထန်စွာ ရွာခဲ့ကြောင်း မိုး/ ဇလက သတင်းထုတ်ပြန်ခဲ့သည်။ နောက်နှစ်ရက်ခန့်အတွင်း ရခိုင်၊ ကရင်၊ မွန်၊ ချင်းပြည်နယ်နှင့် တနင်္သာရီ၊ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန်ထား သည်။
::
ထို့အပြင်မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်တွင် တစ်နာရီလျှင် ၄၅ မိုင်အထိ လေပြင်း တိုက်ခတ်နိုင်သောကြောင့် ဒေသခံများနှင့် ငါးဖမ်းရေယာဉ်များအား ပင်လယ်ပြင်သတိပေးချက် ထုတ်ပြန်ထားသည်။
(ဓာတ်ပုံ − ထွန်းထွန်းနိုင်)
7Day Daily ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment