Pages

Tuesday, October 23, 2012

KNU မှ ဗဟို ကော်မတီဝင် ၃ ဦး ထုတ်ပယ်သည့်အမိန့် ပြန်လည်ကိုင်တွယ်ရန် သဘောတူညီချက် ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် ၃ ဦးအား ထုတ်ပယ်သည့်အမိန့်ကို ပြန်လည်ပယ်ဖျက်ပေးရန်အတွက် အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးခ်ါယူသွားရန်နှစ်ဖက်သဘောတူညီမှုရရှိထားသည်ဟုဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူထူးစေးဖိုး အပါ အဝင် KNU ဗဟိုကော်မတီဝင် ၃ဦးအားထုတ်ပယ်သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင်KNUနှင့် KNLA ခေါင်းဆောင်များ အောက်တိုဘာ
လ၂၂ရက်နေ့မှစ၍ဆွးနွေးညှိနှိုင်းမှုများပြုလုပ်နေပြီးအပြီးသတ်ဆုံးဖြတ်ချက်ကိုမူ အောက်တိုဘာလ ၂၄ ရက်တွင်မှ ရရှိလိမ့်မည်ဟု ပဒိုမန်း ငြိမ်းမောင်၏ ပြောကြားချက်အရ သိရသည်။


''မနေ့က (အောက်တိုဘာ ၂၂ ရက်)စပြီး ဆွေးနွေးတာပေါ့။ အခု ထိတော့ ညှိနှိုင်းတုန်းပါ။ အားလုံး တွေ့ပြီး ဆွေးနွေးနိုင်အောင် အရေး ပေါ် ဗဟိုကော်မတီအစည်းအဝေး ခေါ်သွားဖို့ကို မူအားဖြင့် လက်ခံထား ကြပါတယ်''ဟု ၎င်းကပြောသည်။


နေ့ရက်အတိအကျ မသတ်မှတ် ရသေးသော်လည်း အဆိုပါ ဗဟို ကော်မတီအစည်းအဝေးတွင် စစ်ဦး စီးချုပ်ကို ထုတ်ပယ်သည့် အမိန့်အား ပြန်လည်ပယ်ဖျက်ရေး အပါအဝင် ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ် သဘောထား အမြင် မတူကြခြင်းတို့ကို အဓိကထား ဆွေးနွေးကြမည်ဟု သိရသည်။


KNUဒု-ဥက္ကဋ္ဌစာဒေးဗစ်သာကပေါဦးဆောင်သောအဖွဲ့နှင့်KNLAစစ်ဦးစီးချုပ်စာမူတူးစေးဖိုးဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေး 
နွေးပြီး အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူရန် သဘောတူ ညီမှုရရှိခဲ့ ခြင်း ဖြစ်သည်။


ကရင်ပြည်နယ် ဘားအံမြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရာတွင် KNU အဖွဲ့၏ သဘောတူမှုမပါဘဲ KNLA အနေနှင့်သာ ဖွင့်လှစ်ခဲ့ခြင်း အပါ အဝင် ဗဟိုကော်မတီအစည်းအဝေး များသို့တက်ရောက်ရန် ပျက်ကွက် ခြင်းတို့ကြောင့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူထူးစေးဖိုး၊ ဗဟို တရားရေးတာဝန်ခံ ပဒိုဒေးဗစ်တော နှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဌာနတာဝန်ခံ ပဒိုရောဂျာခင်တို့အား အောက်တိုဘာလ ၂ ရက်နေ့က KNU မှ ထုတ်ပယ်ခဲ့သည်။ ထိုဆုံး ဖြတ်ချက်ကို KNLA တပ်မဟာ နှစ် ခုကသာ ထောက်ခံခဲ့ပြီး တပ်မဟာ လေးခုက ကန့်ကွက်ကာ တပ်မဟာ တစ်ခုက ကြားနေအဖြစ် ဆုံးဖြတ်ခဲ့သည်။

0 comments:

Post a Comment