Pages

Tuesday, October 23, 2012

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ပိုက်သည်ရွာကို ရခိုင် (ဗုဒ္ဓဘာသာနှင့် မရမကြီးများ) အကြမ်းဖက်သမားများက ပူးပေါင်းမီးရှို့ပြီးပစည်းများ လုယက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ပိုက်သည်ရွာရှိ ရိုဟင်ဂျာ အိမ်ခြေ ၅၀ ၀န်းကျင်ကို ရခိုင် (ဗုဒ္ဓဘာသာနှင့်မရမကြီး
များ) အကြမ်းဖက်သမားများက ယနေ့ည ၁၁ နာရီ အချိန်တွင် လူအင်အား ငါးထောင် ၀န်းကျင်ဖြင့် မီးရှို့ဖျက်
ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးမှ myanmarmuslim.net သို့ သတင်းပေးပို့သည်။
“ပိုက်သည်ရွာ တောင်ဘက်အခြမ်းက မွတ်စလင်မ်အိမ်တွေကို ရှို့တာပါ။ မင်းပြားမြို့ပေါ်ကမာက်
(ရခိုင်ဗုဒ္ဓ ဘာသာ)တွေက ရှို့တာပါ” ဟု ဒေသခံရိုဟင်ဂျာ တစ်ဦးက ပြောသည်။

မီးစတင်ရှို့ချိန်တွင် လုံခြုံရေးရဲ ၅ဦးခန့်သာ ရှိသဖြင့် အကြမ်းဖက်သမားများအား ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ လုံ
ခြုံရေး အင်အား တိုးမြှင့်ပြီးချိန်ရောက်မှ သေနတ် မိုးပေါ်ထောင်ဖောက်ပြီး ရခိုင်(ဗုဒ္ဓဘာသာ) နှင့် မရမကြီးအ
ကြမ်းဖက်သမားများကို ခြောက်လှန့် ဟန့်တားထားနိုင်ကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုများသည် ဓါတ်ဆီကို အဓိက အသုံးပြု၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး၊ မီးရှို့ခံရသည့် ရိုဟင်ဂျာ အိမ်
ခြေများထံသို့ ၅မိနစ်အတွင်း မီးသတ်ကားများ လာရောက်နိုင်သော်လည်း မီးသတ်တပ်ဖွဲ့ဝင်များမှာ အကြမ်း
ဖက် အုပ်စုဝင်များနှင့် လူမျိုးတူများ ဖြစ်နေသောကြောင့် မီးလာရောက် ငြိမ်းသတ်ခြင်း မရှိသေးကြောင်း သိ
ရသည်။

ရိုဟင်ဂျာအိမ်ခြေများကို မီးရှို့သည့် အကြမ်းဖက်သမားများသည် မီးလောင်နေစဉ်အတွင်း မွတ်စလင်မ်ပိုင် ကျွဲ၊ နွားအကောင် ၁၀၀ ကျော်ကိုလည်း လုယက် ယူသွားကြောင်း ဒေသခံ အချို့မှ သတင်းပေးပို့သည်။မီးရှို့
ခံရသည့် ရိုဟင်ဂျာ မွတ်စလင်မ်များသည် ယခုအခါဗိုက်သည် ရွာထိပ်ဗလီတွင် ခိုလှုံ့နေရကြောင်း သိရ
သည်။

မင်းပြားမြို့နယ်တွင် ယခု လ၂၀ ရက်နေ့ တွင် ရိုပာင်ဂျာတန့်ကျင်ရေးဆန္ဒပြပွဲ များ ပြုလုပ်ခဲ့အပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း- SK (မြန်မာမွတ်စလင်မ် မီဒီယာ)

0 comments:

Post a Comment