Pages

Tuesday, October 23, 2012

ယနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) တွင် ကျင်းပလျှက်ရှိသော အမျိုးသားပြည်သူ့လွတ်တော် ပုံမှန်အစည်းအဝေး

Photo: ယနေ့ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေးမြင်ကွင်း
ယနေ့ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေးမြင်ကွင်း

ယနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင်--
၁) နိုင်ငံတော် အစိုးရမှ ဝေးလံခက်ခဲ၍ ၀န်ထမ်းလစ နှစ်ဆခံစားခွင့်ပြုသင့်သော ဒေသ မြို့နယ်များ မကျန်

ရှိအောင် ထပ်မံလေ့လာ စိစစ်၍ အမှန်တကယ် ပေးသင့်သည့် မြို့နယ်များကို ဆက်လက်ခွင့်ပြုသင့်ကြောင်း အဆိုအား လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးခြင်း။
၂) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရများတွင် တိုင်းရင်းသား ရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ
အား ဖွဲ့စည်းခွင့်၊ လုပ်ပိုင်ခွင့် ပြဌာန်းသတ်မှတ် ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို
တင်သွင်းခြင်း။
Photo: ယနေ့ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေးမြင်ကွင်း
ယနေ့ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေးမြင်ကွင်း
အစရှိသည်တို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဇုန်ဥပဒေပြဋ္ဌာန်းရေး အဆိုနှင့် ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃အဖြစ် ပြဋ္ဌာန်းခဲ့
သော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့်ဥပဒေ
ကို ပယ်ဖျက်ပေးပါရန် အဆိုကို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်မသင့်အဆုံးအဖြတ်ရယူခြင်းတို့ပြု
လုပ်မည်ဖြစ်သည်။

အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့်ပေးပို့သော တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပ

ဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို တင်သွင်းထားသည့်တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေး၍အတည်
ပုရန် ပြည်သူ့လွှတ်တော်၏အဆုံးအဖြတ်ကိုရယူမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံတွင်ပါဝင်သောသမ္မတလောင်းအရည်အချင်းများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က
အဲဒီဥပဒေတို့ အမေတို့ သဘောမတူဘူး။ အဲဒါကြောင့် တကယ်ပဲမျှမျှတတနဲ့ ပြိုင်ချင်တယ်ဆိုရင် ဒီဥပဒေကို
မျှတအောင်လုပ်ရမယ်ဟုယနေ့(အောက်တိုဘာလ ၂၃ ရက်)တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်း
အဝေးခေတ္တရပ်နားချိန်တွင် သတင်းထောက်များ၏မေးမြန်းမှုများကို ဖြေကြားခဲ့ရာတွင်ထည့်သွင်း ပြောကြား
သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးအတွက် NLD ပါတီအနေဖြင့်မည်သည့်အချိန်အတွင် အဆိုတင်သွင်း

မည်နည်းဟု မေးမြန်းရာတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ဆိုတာကတော့ ကိုယ့်မှာ ဘယ်လောက်
အထိ အောင်မြင်နိုင်မလဲဆိုတဲ့ အခြေအနေကိုကြည့်ပြီး လုပ်ရမှာဖြစ်ပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။


Eleven Media Group"
  

0 comments:

Post a Comment

 
world time