Pages

Tuesday, October 23, 2012

ယာဉ်ကြောပိတ်ဆို့မှုအတွက် ယာဉ်ထိန်းရဲများ နှီးနှောပွဲပြုလုပ်ကာ အဖြေရှာသင့်


ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းရန် ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်ကြောပိတ်ဆို
့မှု ဆွေးနွေးနှီးနှောပွဲ (Traffic Congestion Seminar) များ ကျင်းပ၍ ထွက်ပေါ်လာသော အဖြေကို သုတေ
သန ပြုလုပ်ကာ အဖြေရှာသင့်ကြောင်း မထသ (ဗဟို)မှ ဒုဥက္ကဋ္ဌက တိုင်းဒေသကြီးအစိုးရသို့ အကြံပြုပြော
ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းတွင် ယာဉ်ကြောကြပ်တည်းမှု၏ အဓိကအချက်မှာ ယာဉ်စည်းကမ်း မလိုက်နာခြင်း
ကြာင့် ဖြစ်သဖြင့် ယာဉ်မောင်းများအား ထိထိရောက်ရောက် အရေးယူသင့်ကြောင်းကိုလည်း  မထသ (ဗဟို)က ဆိုသည်။
 
 “ယာဉ်တွေ ဘာကြောင့်ကြပ်တာလဲဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူဘူး။ ယာဉ်ကြောမကြပ်တည်းအောင် ဘာတွေ လုပ်မလဲဆိုတော့ Survey စဉ်းစားမယ်။ မြေနီကုန်းက ပိုကျပ်တာလား၊ တာမွေက ပိုကျပ်တာလား
။ ဘယ်အချိန် ပိတ်တာလဲ ဘယ်နေရာမှာ ပိတ်တာလဲ အဲ့ဒါတွေကို Survey လုပ်ရမယ်။ အဲ့ဒါ Survey လုပ်
ရမှာက ယာဉ်ထိန်း တွေရဲ့အလုပ်ဗျာ။ ဟု မထသ (ဗဟို) ဒုဥက္ကဌ ဦးလှသောင်းမြင့်က ပြောသည်။

လူဦးရေနှင့် ယာဉ်စီးရေ များပြားလာသည်နှင့်အမျှ ယာဉ်ထိန်းရဲများလည်း အင်အားတိုးမြှင့်သင့်ကြောင်း၊ ယာဉ်ထိန်း ရဲများ၏ စွမ်းရည်ပိုမိုထိရောက်ရန် မီးရထားရဲ၊ မြို့တော်စည်ပင်ရဲများသကဲ့သို့ တိုင်းဒေသကြီး ယာဉ်စည်းကမ်း၏ တိုက်ရိုက် ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
 
 “ယာဉ်ကြောကြပ်တာကို Survey လုပ်ပြီးတော့မှ ယာဉ်ကြောကြပ်တာရဲ့အဆင့်တွေသတ်မှတ်မယ်။ Survey လုပ်ပြီး ရလာတဲ့ Data တွေနဲ့ Seminar ဆိုတဲ့အစည်းအဝေးတွေကို ခေါ်ရမယ်ဗျာ။ စာတန်းလေးတွေပြုစုရမယ်။ အဲ့ဒါတွေကို ပြုစုပြီးတော့မှ အစိုးရက ဆုံးဖြတ်ပြီးတော့ လုပ်ရမယ်။ ဟု ဒု-ဥက္ကဋ္ဌက ဆက်ပြောသည်။
 
 ယာဉ်ကြောကြပ်တည်းပိတ်ဆို့မှုကြောင့် ခရီးသွားချိန်ကြာမြင့်ခြင်း၊ မြို့ပြစီးပွားရေးကျဆင်းခြင်း၊ ကျန်းမာရေးထိခိုက်မှု များဖြစ်စေခြင်း၊ စက်သုံးဆီကုန်ကျမှုများခြင်းနှင့် ယာဉ်ပြုပြင်မှု များလာစေခြင်း၊ ယာဉ်ကြောကြပ်တည်းသဖြင့် ယာဉ် တိုက်ခိုက်မှု မြင့်မားခြင်းတို့ ပိုမိုဖြစ်ပွားစေနိုင်ကြောင်းကိုလည်း သိရသည်။



တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း မထသ(ဗဟို)အား အငှားယာဉ်များ စည်းကမ်းဖောက်ဖျက်မှုအား အရေးယူ ဆောင်ရွက်ရန် စက်တင်ဘာလ(၂၈)ရက်နေ့ နိုင်ငံရေးနှင့်လုံခြုံရေးညှိနှိုင်းအစည်းအဝေးတွင် ၀န်ကြီးချုပ်ဦးမြင့်ဆွေက တာဝန်ပေးအပ်ခဲ့သည်။


မြစ်မခသတင်း
 

0 comments:

Post a Comment

 
world time