Pages

Sunday, May 31, 2015

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၇/၀) တွင် Eliteခရီးသည် ပို့ဆောင်ရေးယာဉ်တိန်းမှောက်မှုဖြစ်ပွား (၅)ဦးသေးဆုံး (၁၅)ဦးဒဏ်ရာရ


RangonNewsDaily:: May . 31 .2015
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် မေလ (၃၁)ရက် နံနက် (၃း၃၀) နာရီက ရန်ကုန် မှ မန္တလေးသို့ မောင်းနှင်လာသည့် Eliteခရီးသည် ပို့ဆောင်ရေး ယာဉ်အမှတ် YGN (2G-7504)သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၇/၀) တံတားဦးမြို့အရှေ့ဘက် ဆုံကုန်းအ၀ိုင်း လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်သဖြင့် (၅)ဦး သေးဆုံးကာ (၁၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Eliteခရီးသည်ပို့ဆောင်ရေး ယာဉ်ကို ယာဉ်မောင်း ကိုကျော်စိုး (အသက်- ၃၅)နှစ်မှ ရန်ကုန်- မန္တလေး - ပြင်ဦးလွင် ခရီးစဉ်မောင်းနှင်လာစဉ် ဆုံကုန်း အ၀ိုင်း လမ်းလယ်ကျွန်း အား ၀င်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ မ(၄)ဦး၊ ကျား (၁)ဦးသေးဆုံးခဲ့ပြီး ကျား(၁၀)ဦး မ(၅)ဦး ဒဏ်ရာ ရရှိခဲ့သည်။






ဒဏ်ရာရရှိသူများအား ပြုစုနိုင်ရေးအတွက် အနီးဆုံးဖြစ်သည့် တံတားဦးမြို့ နယ် ဆေးရုံ တွင် ရှေးဦးစွာ ကုသပြုစုလျှက်ပေးခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။
::
အဆိုပါ ကားပေါ်တွင် ခရီးသည် ကျား (၂၀)ဦး၊ မ(၁၅)ဦးပါရှိခဲ့ပြီး ယာဉ်မောင်း ကျော်စိုးအား ပ-၉/၂၀၁၅ ပြစ်မှုပုဒ်မ - ၃၃၇/၃၃၈/၃၀၄(က)အရ အမြန်လမ်းမကြီးရဲစခန်း (စကားအင်း)က တရားစွဲဆိုထားကြောင်း သိရှိရသည်။
MOI ,
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment