Pages

Sunday, May 31, 2015

Wimax အင်တာနက်လိုင်း ၀န်ဆောင်မှု ပြန်လည်စတင်မည်

RangonNewsDaily:: May . 31 .2015
Wimax အင်တာနက် လိုင်းဝန်ဆောင်မှုကို ခြောက်လ ကျော်ကြာ ရပ်နားခဲ့ရာမှ ဇွန်လ ၁ ရက်တွင် ပြန်လည်ရောင်းချမည် ဟု Red Link ကုမ္ပဏီမှ သတင်း ရရှိသည်။
ဇွန်လ ၁ ရက်မှ ပြန်လည် ရောင်းချမည့် Wimax အင်တာ နက်လိုင်းကို သုံးစွဲသူများ လိုအပ် သလောက် ၀ယ်ယူနိုင်ရန်နှင့် လိုင်းပမာဏ (Quota) ကိုလည်း တိုးမြှင့်ရောင်းချသွားမည်ဟု RedLink ကုမ္ပဏီ အထွေထွေ မန်နေ ဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။‘‘လက်ရှိဈေးကွက်တောင်း ဆိုချက်အရ လိုင်းပမာဏကို တိုး မြှင့်ရောင်းချသွားမယ်။ များများ လည်း သုံးနိုင်အောင်ပေါ့။ နောက်ပြီး သုံးစွဲခတွေကိုလည်း လျှော့ ချသွားမှာဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
::
Red Link ၏ Wimax အင် တာနက်လိုင်းကို သုံးပြီး ပေးချေမှု (Postpaid) တွင် လက်ရှိပေးနေရ သည့် လစဉ်ကြေးများအတိုင်း အ သုံးပြုမှု GB ပမာဏကို တိုးမြှင့် သုံးစွဲနိုင်မည်ဖြစ်ပြီး ကြိုတင်ပေး ချေမှု (Prepaid) တွင် ယခင်ဈေး နှုန်းထက် သက်သာစွာ ၀ယ်ယူသုံး စွဲနိုင်မည်ဖြစ်ကြောင်း ဦးမျိုးမြင့် ညွန့်ကပြောကြားသည်။
::
Red Link ကုမ္ပဏီသည် ရန် ကုန်မြို့တွင် Wimax အင်တာနက်လိုင်းနှင့် မန္တလေးမြို့တွင် ဖိုက်ဘာအင်တာနက်လိုင်းတို့ကို ၀န် ဆောင်မှုပေးနေပြီး ၂၀၁၄ နိုဝင် ဘာမှ စတင်ကာ ၀န်ဆောင်မှုနှစ် မျိုးစလုံးကို ရပ်နားခဲ့သည်။ လက် ရှိတွင် Wimax တစ်မျိုးတည်းကို ပြန်လည်ရောင်းချရန် စီစဉ်ခြင်း ဖြစ်သည်။
::
Red Link သည် ၎င်းတို့ ရောင်းချသည့် Wimax အင်တာ နက်လိုင်းအတွက် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းထံမှ ဘန်းဝှစ် 1.8 GB လိုင်းယူကာ တစ်ဆင့် ပြန်လည်ရောင်းချနေပြီး လက်ရှိ တွင် ကိုယ်ပိုင်ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိရန် လျှောက်ထားဆဲဖြစ်ကြောင်း ဦးမျိုးမြင့်ညွန့်က ပြောသည်။
7Day Daily , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment