Pages

Sunday, May 31, 2015

အိန္ဒိယတွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၂၀၀၀ ခန့်ရှိပြီ

အပှုရှိန်ပြင်းထန်မှုကြောင့် ကတ္တရာလမ်းမများ အရည်ပျော်ကျနေပုံ
RangonNewsDaily:: May . 31 .2015
အိန္ဒိယ တနိုင်ငံလုံးမှာ အပူလှိုင်းကြောင့် သေဆုံးသူ ၂၀၀၀ နီးပါး ရှိလာပြီး အပူရှိန် ဒဏ်ခံနေရတဲ့ ပြည်သူတွေဟာ မုတ်သုန်မိုးကို မျှော်လင့်နေကြပါတယ်။
ဆေးရုံတွေမှာ အပူရှပ်တဲ့ လူနာတွေ အဆက်မပြတ် ရောက်နေတာကြောင့် ဒီရက်ပိုင်းမှာ ဆရာဝန်တွေကို ခွင့်မယူဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
မိုးလေ၀သဌာနက အပူလှိုင်းကို အလွန် ပြင်းထန်တဲ့ အဆင့်သတ်မှတ်ထားပြီး နောက်ထပ် အနည်းဆုံး ၂ ရက်လောက် အပူရှိန် ကျဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပြင်ထန်လှတဲ့အပှုရှိန်ကြောင့်ရေစိမ်နေရသူတစ်ဦးကိုတွေ့ရစဉ်

လယ်စိုက်တောင်သူဦးကြီးများလဲ အပှုရှိန်ပြင်းထန်မှုကြောင့် ရေရှားပါကာ ပက်ကြားအက်လယ်မြေများအကြားတွေရစဉ်
သေဆုံးသူတွေ အများစုဟာ တောင်ပိုင်းက အန်ထရာ ပရာဒေ့ရှ် ပြည်နယ်နဲ့ တယ်လန်ဂါနာ ပြည်နယ်တို့ ဖြစ်ပါတယ်။
အပူချိန် ၄၆ ဒီဂရီ ဆက်စီယက် ရှိပြီး မေ ၂၈ ရက်နေ့ တရက်တည်းမှာ လူ ၁၀၀ လောက် သေဆုံးသွားပါတယ်။
::
အိန္ဒိယ နွေရာသီမှာ ရေခန်းခြောက်တဲ့ လူနာ၊ အပူရှပ် လူနာတွေ ပုံမှန်သေဆုံးလေ့ရှိပေမ့ယ် ဒီနှစ်ကတော့ အရင်နှစ်တွေကထက် ပိုဆိုးပြီး လူသေစာရင်း နှစ်ဆနီးပါးလောက် တိုးသွားတာပါ။
နိုင်ငံတ၀ှမ်းမှာ ပြည်သူတွေဟာ မြစ်ထဲမှာ ရေစိမ်သူစိမ်၊ အရိပ်ကောင်းကောင်းမှာ ခိုသူခို၊ ရေများများ သောက်သူသောက်နဲ့ မေလ နောက်ဆုံးရက်တွေကို ဖြတ်သန်းနေရပါတယ်။
::
ဆင်းရဲသား လယ်သမားတွေ၊ ဆောက်လုပ်ရေး အလုပ်သမားတွေကတော့ စားဝတ်နေရေးအတွက် မဖြစ်မနေ နေပူကို မရှောင်နိုင်ဘဲ အလုပ်လုပ်နေရပါတယ်။
သေဆုံးသူ အများစုကလည်း ဆင်းရဲသားတွေ၊ အိမ်ခြေမဲ့တွေနဲ့ သက်ကြီး ရွယ်အိုတွေ ဖြစ်ပါတယ်။
DVB , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment