Pages

Thursday, May 2, 2013

နေ့စဉ် ဦးနှောက်သွေးကြောပေါက်လူနာ ငါးဦးအထိ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ

ရာသီဥတုပူပြင်းသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ နေ့စဉ် ဦးနှောက်သွေးကြောပေါက်လူနာ သုံးဦးမှ ငါးဦးအထိ ရောက်ရှိလာကြောင်း ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကု ပါမောက္ခတစ်ဦးက ပြောသည်။
”နေက တအားပူတယ်။ အရက် သောက်ကြတယ်။ သွေးပေါင်မှန်မှန် မချိန်ဘူး။ သွေးကျဆေးမှန်မှန် မသောက် ဘူး။ ဒါကြောင့် သွေးကြောပေါက် တာ များတယ်” ဟု ၄င်းက ဆိုသည်။
လာရောက်ပြသသူများတွင် ခုနစ် ဆယ်ရာခိုင်နှုန်းကျော်သည် သွေးတိုးအခံ ရှိသူများဖြစ်ကြပြီး ဦးနှောက်ေ သွးကြော ပေါက်ရသည့် အကြောင်းရင်းများတွင် သွေးတိုးရောဂါရှိနေခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ၄င်းက ပြောသည်။

 ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာနသို့ ရောက်လာသောသူများမှ တချို့တစ်ဝက်သည် ခွဲစိတ်ကုသ၍ အသက်အန္တရာယ်မှ လွတ်ကင်းသွားသူ များလည်း ရှိကြောင်း ၄င်းက ဆိုသည်။

၎င်းအပြင် နေအလွန်ပူသည့် အချိန်တွင် အပြင်ထွက်ခြင်း၊ ရုတ်တရက် အပူချိန်ပြောင်းလဲခြင်း (အအေးခန်းများ ထဲမှ အပြင်နေပူထဲသို့ထွက်ခြင်း သို့မ ဟုတ် နေပူထဲမှ အအေးခန်းထဲသို့ ဝင်ခြင်း)နှင့် အရက်သောက်ခြင်းတို့ သည်လည်း ဦးနှောက်သွေးကြောေ ပါက် ခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း ၄င်းက ပြောသည်။

ယခုလို ရာသီဥတုပူပြင်းသည့် အချိန်မျိုးတွင် အသက်အရွယ်ကြီးသူများ၊ ဆီးချို၊ သွေးတိုးရှိသူများအနေနှင့် အုန်းနို့၊ အရက်၊ ဒံပေါက်၊ ဆေးလိပ်၊ ကွမ်း စသည်တို့ကို ရှောင်သင့်ကြောင်း၊ အပူချိန်ပြောင်းလဲ၍ ပူလိုက်၊ အေးလိုက် မဖြစ်အောင်ဆင်ခြင်နေထိုင်သင့်ကြောင်း၊ ရုပ် မြင်သံကြားနှ င့် နေ့စဉ်သတင်းစာများ တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ခရမ်း လွန်ရောင်ခြည်အန္တရာယ်၊ အပူဒဏ် အန္တရာယ် သတိပေးနှိုးဆော်ချက်များ အတိုင်း လိုက်နာ ဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုပြောကြားသည်။

သင်္ကြန်ကာလအတွင်း ဦးနှောက် နှင့် အာရုံကြောဌာနသို့ လူနာ ၁၃ဝ တက်ရောက်ခဲ့ပြီး ဦးနှောက်သွေးကြော ပေါက် လူနာများလည်း ပါဝင်ကြောင်း သိရသည်။ ယခင်နှစ်ကလည်း ဦးနှောက် သွေးကြောပေါက် လူနာလာရောက်မှု များပြားခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ များလြာ ခင်းမျိုး မရှိသေး ကြောင်း ၄င်းက ပြောသည်။

ယမန်နှစ်များက နွေရာသီတွင် တစ်နေ့လျှင် နာရေးလမ်းကြောင်း ၇ဝ ကျော်လိုက်ပို့ပေးခဲ့ရပြီး ယခုနှစ်တွင် တစ်နေ့လျှင် လမ်းကြောင်း ၄၅ ခုခန့် သာ ပို့ပေးရတော့ကြောင်း နာရေးကူညီမှု အသင်း နာရေးလမ်းကြောင်းပို့ဆောင်မှု အပိုင်းမှ ကိုသိန်းထိန်က ပြောသည်။ 

”ဒီနှစ် အဲလိုလမ်းကြောင်း နည်း သွားတာကလည်း နာရေးကူညီတဲ့ အခြားအသင်းအဖွဲ့တွေ များလာလို့ဖြစ် နိုင်ပါတယ်။ ကျွန်တော်တို့အသင်းက နာရေးလမ်းကြောင်း လိုက်ပို့ပေမယ့် ဘယ်ရောဂါကြောင့် သေတယ်ဆိုပြီး တော့ စာရင်းယူထားတာတော့ မရှိပါ ဘူး” ဟု ၄င်းက  ပြောသည်။

မြတ်စုငြိမ်း (ပေါ်ပြုလာမြန်မာ), Rangonnewsdaily
RND:  :2.5.2013

0 comments:

Post a Comment