Pages

Saturday, February 23, 2013

မင်္ဂလာဆောင်ပွဲသွားသော ယာဉ်တိမ်မှောက်၍ သတို့သားသေဆုံးပြီး သတို့သမီး ပြင်ထန်ဒဏ်ရာ၇

၂၁-၂-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဘုံးဘွတ်ကျေးရွာ ရေကန်အနီး၊ ချောက်-ဂွေးချိုကားလမ်းမိုင်တိုင်အမှတ် (၄၀၀)အနီး၌ ရမည်းသင်းမြို့မှ ဆိပ်ဖြူမြို့နယ်၊ ကူရှည် ကျေးရွာသို့ မင်္ဂလာကိစ္စလာရောက်သည့် ရမည်းသင်းမြို့နယ်၊ ကျောင်းတိုင်စုရပ်နေ အောင်မျိုးထက်(၃၄)နှစ် မောင်းနှင်သည့် ၂ဃ/xxxx ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထနောင်းပင်အား ၀င်ရောက်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အောင်မျိုးထက်တွင် ၀ဲနဖူးပေါက်ပြဲဒဏ်ရာတစ်ချက်ရ ရှိပြီး အခင်းဖြစ်နေရာ တွင် သေဆုံးခဲ့သည်။

ယာဉ်ပေါ်ပါ အောင်မျိုးထက်၏ဇနီးဖြစ်သူ မသူဇာဝင်း(၂၆)နှစ်တွင် ယာမျက် ခုံးပေါက်ပြဲ၊ ယာပါးပေါက်ပြဲ၊ ပါးစပ် သွေးထွက်ဒဏ်ရာနှင့် တံတားဦးမြို့ နယ်နေ မောင်နိုင်(၃၂)နှစ်တွင် ဦးခေါင်း ယာချိုစောင်းပေါက်ပြဲဒဏ်ရာ၊

သပိတ်ကျင်းမြို့နယ်၊ (၆)မိုင်စခန်းသာရွာနေ ကျော်ဇင်လတ်(၂၇)နှစ်ပါ ၂ ဦး တို့တွင် ဒဏ်ရာများအသီးသီးရရှိကြ၍ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များအား ချောက်ဆေးရုံသို့တင်ပို့ခဲ့ပြီး ချောက်ရဲစခန်း ယာဉ်(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

Thit Htoo Lwin 
RND:23.2.2012

0 comments:

Post a Comment