Pages

Monday, May 27, 2013

720p HD ၊ 1080i HD ၊ 1080p Full HD နှင့် 4K Ultra HD တို့၏ ကွာခြားချက်များ

မူလပထမ HD နည်းပညာတွင် မျက်နှာပြင်၏ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 720 ရှိပြီး Progressive Scanning နည်းပညာကို အသုံးပြုပါတယ်။ ဒါကြောင့်လည်း 720p HD ဆိုပြီး ဖြစ်လာတာပါ။ 

နောက်တဆင့်ကတော့ 720p ထက် ပုံထွက် အနည်းငယ် ပိုမိုကောင်းမွန်တဲ့ 1080i HD ပဲဖြစ်ပါတယ်။ ဒီမှာတော့ Interlaced Scanning နည်းပညာကို အသုံးပြုထားပြီး မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 1080 ရှိပါတယ်။ 

အဲဒီနောက်မှာတော့ ပိုမိုကောင်းမွန်တဲ့ Progressive Scanning ကို အသုံးပြုပြီး မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 1080 ရှိတဲ့ မျက်နှာပြင်တွေကို ဖန်တီးနိုင်ခဲ့ပြီး 1080p Full HD ဆိုပြီး ဖြစ်လာခဲ့ရပါတယ်။ 

အခြေခံအားဖြင့်တော့ ပုံထွက်သိပ်သည်းဆဟာ မိမိအသုံးပြုတဲ့ မျက်နှာပြင် အရွယ်အစားပေါ် မူတည်ပြီး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် 720p HD ပုံထွက်ကို လက်မ ၆၀ တီဗီပေါ်မှာကြည့်ရင် ပုံထွက် ကြည်လင်ပြတ်သားမှု အပိုင်းမှာ အတန်အသင့် ဝေဝါးမှု ရှိနိုင်ပေမယ့် ၃၂ လက်မ တီဗီမှာ ပြောင်းကြည့်လိုက်ရင် ပုံထွက်ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ မျက်နှာပြင် သေးသွားတာနဲ့အမျှ သိပ်သည်းဆ ပိုများလာပြီး ပုံထွက်လည်း ပိုမိုကြည်လင် ပြတ်သားလာမှာ ဖြစ်ပါတယ်။ 

နောက်တစ်ချက်ကတော့ Progressive Scanning နဲ့ Interlaced Scanning နည်းပညာ ၂ ခုရဲ့ ကွာခြားချက်ပါပဲ။ Progressive Scanning နည်းပညာဟာ Interlaced Scanning နည်းပညာနှင့် နှိုင်းယှဉ်လျှင် လှုပ်ရှားနေတဲ့ ရုပ်ပုံတွေကို ချိန်ထိုးပြသရာမှာ များစွာပိုမို တည်ငြိမ်မှုရှိပြီး ဝေဝါးမှု မရှိအောင် ဆောင်ရွက်ပေးနိုင်လို့ ပုံထွက်ဟာ ပိုမိုကြည်လင် ပြတ်သားပါတယ်။ အထူးသဖြင့် ဒေါင့်ဖြတ် (သို့) ထောင်လိုက် အနေအထား လှုပ်ရှားနေတဲ့ ရုပ်ပုံတွေမှာ သိသာပါတယ်။ 

လတ်တလော ကာလအတွင်းမှာ တစ်ဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာအသစ်ကတော့ 4K Ultra HD ပဲ ဖြစ်ပါတယ်။ 4K Ultra HD ရဲ့ ပုံထွက်သိပ်သည်းဆဟာ 1080p Full HD ထက် ၄ ဆ သာလွန် ကောင်းမွန်တဲ့အတွက် အရွယ်အစား အဆမတန် ကြီးမားတဲ့ လက်မ ၇၀ အထက် မျက်နှာပြင်တွေကို ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် လက်ရှိအချိန်မှာ 4K နည်းပညာသုံး ပစ္စည်းတွေဟာ ဈေးအဆမတန် ကြီးမြင့်နေသေးပါတယ်။ Sony နဲ့ Samsung တို့လို နာမည်ကြီး ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ၈၄ လက်မ 4K တီဗီ တစ်လုံးဟာ ဒေါ်လာ သောင်းဂဏာန်းအထိ ဈေးရှိနေပါတယ်။ 

ပုံထွက်သိပ်သည်းဆနှင့် အခေါ်အဝေါ်

720p - HD
1080i - HD
1080p Full HD
4K - Ultra HD

မူလပထမ HD နည်းပညာတွင် မျက်နှာပြင်၏ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 720 ရှိပြီး Progressive Scanning နည်းပညာကို အသုံးပြုပါတယ်။ ဒါကြောင့်လည်း 720p HD ဆိုပြီး ဖြစ်လာတာပါ။ နောက်တဆင့်ကတော့ 720p ထက် ပုံထွက် အနည်းငယ် ပိုမိုကောင်းမွန်တဲ့ 1080i HD ပဲဖြစ်ပါတယ်။ ဒီမှာတော့ Interlaced Scanning နည်းပညာကို အသုံးပြုထားပြီး မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 1080 ရှိပါတယ်။

အဲဒီနောက်မှာတော့ ပိုမိုကောင်းမွန်တဲ့ Progressive Scanning ကို အသုံးပြုပြီး မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 1080 ရှိတဲ့ မျက်နှာပြင်တွေကို ဖန်တီးနိုင်ခဲ့ပြီး 1080p Full HD ဆိုပြီး ဖြစ်လာခဲ့ရပါတယ်။

အခြေခံအားဖြင့်တော့ ပုံထွက်သိပ်သည်းဆဟာ မိမိအသုံးပြုတဲ့ မျက်နှာပြင် အရွယ်အစားပေါ် မူတည်ပြီး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် 720p HD ပုံထွက်ကို လက်မ ၆၀ တီဗီပေါ်မှာကြည့်ရင် ပုံထွက် ကြည်လင်ပြတ်သားမှု အပိုင်းမှာ အတန်အသင့် ဝေဝါးမှု ရှိနိုင်ပေမယ့် ၃၂ လက်မ တီဗီမှာ ပြောင်းကြည့်လိုက်ရင် ပုံထွက်ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ မျက်နှာပြင် သေးသွားတာနဲ့အမျှ သိပ်သည်းဆ ပိုများလာပြီး ပုံထွက်လည်း ပိုမိုကြည်လင် ပြတ်သားလာမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Progressive Scanning နဲ့ Interlaced Scanning နည်းပညာ ၂ ခုရဲ့ ကွာခြားချက်ပါပဲ။ Progressive Scanning နည်းပညာဟာ Interlaced Scanning နည်းပညာနှင့် နှိုင်းယှဉ်လျှင် လှုပ်ရှားနေတဲ့ ရုပ်ပုံတွေကို ချိန်ထိုးပြသရာမှာ များစွာပိုမို တည်ငြိမ်မှုရှိပြီး ဝေဝါးမှု မရှိအောင် ဆောင်ရွက်ပေးနိုင်လို့ ပုံထွက်ဟာ ပိုမိုကြည်လင် ပြတ်သားပါတယ်။ အထူးသဖြင့် ဒေါင့်ဖြတ် (သို့) ထောင်လိုက် အနေအထား လှုပ်ရှားနေတဲ့ ရုပ်ပုံတွေမှာ သိသာပါတယ်။

လတ်တလော ကာလအတွင်းမှာ တစ်ဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာအသစ်ကတော့ 4K Ultra HD ပဲ ဖြစ်ပါတယ်။ 4K Ultra HD ရဲ့ ပုံထွက်သိပ်သည်းဆဟာ 1080p Full HD ထက် ၄ ဆ သာလွန် ကောင်းမွန်တဲ့အတွက် အရွယ်အစား အဆမတန် ကြီးမားတဲ့ လက်မ ၇၀ အထက် မျက်နှာပြင်တွေကို ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ 4K နည်းပညာသုံး ပစ္စည်းတွေဟာ ဈေးအဆမတန် ကြီးမြင့်နေသေးပါတယ်။ Sony နဲ့ Samsung တို့လို နာမည်ကြီး ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ၈၄ လက်မ 4K တီဗီ တစ်လုံးဟာ ဒေါ်
လာ သောင်းဂဏာန်းအထိ ဈေးရှိနေပါတယ်။

ပုံထွက်သိပ်သည်းဆနှင့် အခေါ်အဝေါ်

720p - HD
1080i - HD
1080p Full HD
4K - Ultra HD
 
Myanmar Consumer Guide ,  Rangonnewsdaily
RND:  :26.5.2013

0 comments:

Post a Comment