Pages

Monday, May 27, 2013

မိတ္တီလာမြို့ရှိ မွတ်စလင်မ် သုဿန်ဟောင်းကို ယနေ့မနက်မှ စတင်ပြီး ဖျက်သိမ်းလျက်ရှိ

မေ-၂၇၊၂၀၁၃

မိတ္ထီလာမြို့ဦး ဗလီနား အောင်ဇေယျာ နယ်မြေရှိ မွတ်စလင် သုဿန်ဟောင်းအား ယနေ့ မနက် ၁၀ နာရီ အချိန်ခန့်က မြေထိုးစက်များ အသုံးပြုပြီး ဖျက်သိမ်းနေကြောင်း သတင်းရရှိပါသည်။ မွတ်စလင်မ် သုဿန်ကို ဖျက်သိမ်းနေချိန်တွင် လုံခြုံရေးအပြည့်ယူထားကြောင်း၊စစ်သားများ၊ရဲများ၊လုံခြုံရေး လက်ပတ်များ ပတ်ထား

သော အရပ်သားများပါ စောင့်ကြပ်နေကြကြောင်း မြို့ခံတဦးက အတည်ပြုပြောကြား လာပါသည်။
မိတ္ထီလာမြို့ ပုံမှန် မရောက်သေးချိန်တွင် အာဏာပိုင်များမှ ယခုလိုပြုလုပ်ခြင်းကြောင့် မြို့ခံများ ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။ အဆိုပါ မွတ်စလင်မ်သုဿန်ကို ဖျက်သိမ်းရှင်းလင်းပြီး အဝေးပြေး
ကားဝင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမွတ်စလင်မ်သုဿန်ဟောင်းမှာသဂြိင်္ုလ်မှု့ကိုပိတ်ပင်ထားသည်မှာ နှစ်အတန်ငယ်ကြာပြီဖြစ်ကြောင်း

 င့်အဆိုပါမြေနေရာကိုမနှစ်ကဦးပိုင်ကုမ္ပဏီကို ရောင်းချခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး မြို့ခံ အစ္စလာ
မ် ဘာသာဝင်များမှ နိုင်ငံတော် သမ္မတထံ အသနားခံစာ ပို့ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဦးပိုင်ကို ရောင်းချ
သည့် အစီအစဉ်ပျက်သွားပြီး ယခု အဝေးပြေးကားဝင်း တည်ဆောက်မည့် စီမံကိန်းကို ဖြစ်လာကြောင်းသိရ
သည်။

အစ္စလာမ်ဘာသာဝင်များ မှာ ၄င်းတို့ ကွယ်လွန်သွားသော ဆွေးမျိုး မိဘများကို ကောင်းရာသုဂတိလားစေ

ရန် မကြာခဏသွားရောက်ပြီး သုဿန်များသို့သွားရောက်ပြီး ဆုတောင်း မေတ္တာများ ပို့သလေ့ရှိကြောင်းနှင့် သုဿန် ဥယျာဉ်တော်များကို တန်ဖိုးထားကြကြောင်း သိရှိရပါသည်။

M-Media , Rangonnewsdaily
RND:  :27.5.2013

 

0 comments:

Post a Comment