Pages

Monday, May 27, 2013

ဆိပ်ကြီး ခနောင်တို ကိုသွားတဲ့ စက်တပ်သမ္ဗန် တိမ်းမှောက်မှု ဖြစ်ပွား

ရန်ကုန် အနောက်ပိုင်း ခရိုင် အလုံမြို့နယ် မေဒေး သမ္ဗန် ဆိပ်ကမ်းမှ ဆိပ်ကြီး ခနောင်တို မြို့နယ် ဂျင်ဝိုင်းလေး ကျေးရွာသို့ ခရီးသည် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦး တင်ဆောင်ပြီး ကိုမိုးလွင် မောင်းနှင်သော အမှတ် ခ-ဝ၁ဝ မေတ္တာနိုင် စက်တပ် သမ္ဗန်သည် ယမန်နေ့ ည ၈ နာရီ ၅၅ မိနစ်က ရေလယ် အရောက်၌ စက်ချွတ်ယွင်းမှု ဖြစ်ပွားပြီး ရေစီးဖြင့် မျောကာ ရေလယ်ပွိုင့်တွင် ဆိုက်ကပ်ထားသော စီဘီ သင်္ဘော နှစ်စင်းကြား ရောက်သွားပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ထိုသို့နစ်မြုပ်မှုဖြစ်ပွားရာ အနီးရှိ ဦးမြငါးဇင်၊ ဂျောင်ဝိုင်းကြီး၊ ဂျောင်ဝိုင်းလေး ခရီးသည်တင် သမ္ဗန်များမှ ဝိုင်းဝန်း ဆယ်ယူမှုကြောင့် ခရီးသည် များကို ကယ်တင်နိုင်ခဲ့ပြီး မောင်ချစ်ရင်ထူး ၃ နှစ် (ဘ) ဦးကုလား ဂျောင်ဝိုင်းလေး ကျေးရွာ နေသူ မှာ ပျောက်ဆုံး နေကြောင်း သိရသည်။ 
အဆိုပါ အခင်း ဖြစ်ပွားရာ နေရာသို့ အလုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ သစ်တော ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တာဝန် ရှိသူများ ရောက်ရှိလာပြီး လိုအပ်သော ကူညီ ဆောင်ရွက်မှုများ ပေးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စက်တပ် သမ္ဗန် မောင်းနှင်သူ မိုးလွင်အား ဆိပ်ကမ်း ရဲစခန်းမှ ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူ နိုင်ရေး အတွက် ဆောင် ရွက် လျက် ရှိကြောင်း သိရသည်။
မြ၀တီ , Rangonnewsdaily
RND:  :27.5.2013

0 comments:

Post a Comment