Pages

Wednesday, November 13, 2013

အမေရိကန်၏ စစ်ရေး မဟာဗျူဟာမြောက် ခြေလှမ်းသစ် X-47B

Photo: အမေရိကန်၏ စစ်ရေး မဟာဗျူဟာမြောက် ခြေလှမ်းသစ် X-47B
Wednesday, November 13, 2013

X-47Bသည် ပန်းကန်ပြားပျံ မဟုတ်ဘဲ အမေရိကန် စစ်တပ်၏ ရည်မှန်းချက် အမြင့်ဆုံး ထားရှိစမ်းသပ်နေသည့် ခေတ်သစ် မောင်းသူမဲ့ လေယာဉ်တစ်စင်းသာ ဖြစ်သည်

အမေရိကန်၏ စစ်ရေး မဟာဗျူဟာမြောက် ခြေလှမ်းသစ် X-47B
ရုတ်တရက် ဆိုပါက ဂြိုဟ်သားများ စီးနင်းလိုက်ပါလာသည့် ပန်းကန်ပြားပျံယာဉ် တစ်စင်းအဖြစ် အထင်မှားလောက်ဖွယ် ရှိသည်။ သို့သော်လည်း X-47Bသည် ပန်းကန်ပြားပျံ မဟုတ်ဘဲ အမေရိကန် စစ်တပ်၏ ရည်မှန်းချက် အမြင့်ဆုံး ထားရှိစမ်းသပ်နေသည့် ခေတ်သစ် မောင်းသူမဲ့ လေယာဉ်တစ်စင်းသာ ဖြစ်သည်။ X-47Bသည် ပေါင်စတာလင် (၁)ဘီလျံမျှ တန်ကြေးရှိပြီး လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်ဖြင့်သာ မွမ်းမံမြှင့်တင်နေဆဲ ဖြစ်သည်။ အဆိုပါ လေယာဉ်သည် အနာဂတ် အမေရိကန် လေတပ်ကို မောင်းသူမဲ့ လေယာဉ် အများအပြားဖြင့် ဖွဲ့စည်းသွားမည့် မျှော်မှန်းချက်အတွက် အထင်ကရ ဦးဆောင်ခြေလှမ်း တစ်ခုလည်း ဖြစ်သည်။

ထို့အပြင် မြေပြင်အခြေစိုက် လေယာဉ်ကွင်းများထက် များစွာပြေးလမ်းတိုသည့် လေယာဉ်တင် သင်္ဘောတစ်စင်းပေါ်မှ ပျံတက်နိုင်အောင် ပထမဆုံး ဒီဇိုင်းထုတ် ဖန်တီးထားသည့် မောင်းသူမဲ့လေယာဉ် အဖြစ်လည်း မှတ်တမ်းဝင်ထားသည်။ လင်းနို့တောင်ပံပုံဖြင့် အချိုးချ ဖန်တီးဆောက်လုပ်ထားသည့် လေယာဉ်ပျံသည် ဒေါ်လာ (၁.၅)သန်းမျှ တန်ကြေးရှိသည်။ ၎င်းသည် GPSစနစ်ဖြင့် မိမိဖာသာ လမ်းကြောင်းရှာ ထိန်းချုပ်ပျံသန်းနိုင်ပြီး ရုတ်တရက် ကြည့်ပါက စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများထဲမှ ပန်းကန်ပြားပျံ တစ်ခုနှင့်ပင် ဆင်တူနေသည်။ ငွေရောင်ကိုယ်ထည် တောက်ပနေသော ပျံသန်းရေး ယန္တရားသည် အသံ၏ အလျင်နှုန်းအောက်ဖြင့် ပျံသန်းနိုင်ပြီး လတ်တလောတွင် အမေရိကန် ရေတပ်က စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်လျှက်ရှိသည်။

အမေရိကန် အနေဖြင့် မောင်းသူမဲ့ လေယာဉ်များကို လေယာဉ်တင် သင်္ဘောပေါ်မှ လွှတ်တင်နိုင်မည် ဆိုပါက ယင်းတို့ကို အသုံးပြုရန်အတွက် စစ်ဆင်ရေးပစ်မှတ် အနီးရှိ နိုင်ငံတစ်ခုခုတွင် အခြေစိုက်ခွင့်ရအောင် တောင်းဆိုနေစရာ မလိုတော့ချေ။ ထို့ကြောင့် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ပိုမိုတွင်ကျယ် လျင်မြန်စွာ ဆောင်ရွက်နိုင်စေမည့် မဟာဗျူဟာမြောက် အားဖြည့်မှု တစ်ခုအဖြစ် သတ်မှတ်လာနိုင်မည် ဖြစ်သည်။ အမေရိကန်သည် လတ်တလောတွင် Predatorနှင့် Reaper မောင်းသူမဲ့ လေယာဉ်များကို စစ်ဆင်ရေးကဏ္ဍအတွက် အသုံးပြုနေသော်လည်း အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ယီမင်တို့တွင် အခြေစိုက်စခန်းများ အသုံးပြုနေရသည်။ ပင်တဂွန်သည် ယင်းစစ်ဆင်ရေးများအတွင်း ဒေသခံ အစိုးရများနှင့် အငြင်းပွားဖွယ် အခြေအနေ အချို့ ကြုံခဲ့ရခြင်းကြောင့် လေယာဉ်တင် သင်္ဘောပေါ်မှ အခြေစိုက် ပျံသန်းနိုင်မည့် X-47B စီမံကိန်းကို အထူးတလည် အားပေးခဲ့ခြင်း ဖြစ်သည်။ ယင်းလေယာဉ်များသည် အမေရိကန် စစ်တပ်တွင် (၂၀၂၀)ပြည့်နှစ်၌ စတင် အမှုထမ်းနိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: November . 13 .2013
X-47Bသည် ပန်းကန်ပြားပျံ မဟုတ်ဘဲ အမေရိကန် စစ်တပ်၏ ရည်မှန်းချက် အမြင့်ဆုံး ထားရှိစမ်းသပ်နေသည့် ခေတ်သစ် မောင်းသူမဲ့ လေယာဉ်တစ်စင်းသာ ဖြစ်သည် အမေရိကန်၏ စစ်ရေး မဟာဗျူဟာမြောက် ခြေလှမ်းသစ် X-47B
ရုတ်တရက် ဆိုပါက ဂြိုဟ်သားများ စီးနင်းလိုက်ပါလာသည့် ပန်းကန်ပြားပျံယာဉ် တစ်စင်းအဖြစ် အထင်မှားလောက်ဖွယ် ရှိသည်။ 
 
သို့သော်လည်း X-47Bသည် ပန်းကန်ပြားပျံ မဟုတ်ဘဲ အမေရိကန် စစ်တပ်၏ ရည်မှန်းချက် အမြင့်ဆုံး ထားရှိစမ်းသပ်နေသည့် ခေတ်သစ် မောင်းသူမဲ့ လေယာဉ်တစ်စင်းသာ ဖြစ်သည်။ X-47Bသည် ပေါင်စတာလင် (၁)ဘီလျံမျှ တန်ကြေးရှိပြီး လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်ဖြင့်သာ မွမ်းမံမြှင့်တင်နေဆဲ ဖြစ်သည်။ အဆိုပါ လေယာဉ်သည် အနာဂတ် အမေရိကန် လေတပ်ကို မောင်းသူမဲ့ လေယာဉ် အများအပြားဖြင့် ဖွဲ့စည်းသွားမည့် မျှော်မှန်းချက်အတွက် အထင်ကရ ဦးဆောင်ခြေလှမ်း တစ်ခုလည်း ဖြစ်သည်။

ထို့အပြင် မြေပြင်အခြေစိုက် လေယာဉ်ကွင်းများထက် များစွာပြေးလမ်းတိုသည့် လေယာဉ်တင် သင်္ဘောတစ်စင်းပေါ်မှ ပျံတက်နိုင်အောင် ပထမဆုံး ဒီဇိုင်းထုတ် ဖန်တီးထားသည့် မောင်းသူမဲ့လေယာဉ် အဖြစ်လည်း မှတ်တမ်းဝင်ထားသည်။ လင်းနို့တောင်ပံပုံဖြင့် အချိုးချ ဖန်တီးဆောက်လုပ်ထားသည့် လေယာဉ်ပျံသည် ဒေါ်လာ (၁.၅)သန်းမျှ တန်ကြေးရှိသည်။ 
 
၎င်းသည် GPSစနစ်ဖြင့် မိမိဖာသာ လမ်းကြောင်းရှာ ထိန်းချုပ်ပျံသန်းနိုင်ပြီး ရုတ်တရက် ကြည့်ပါက စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများထဲမှ ပန်းကန်ပြားပျံ တစ်ခုနှင့်ပင် ဆင်တူနေသည်။ ငွေရောင်ကိုယ်ထည် တောက်ပနေသော ပျံသန်းရေး ယန္တရားသည် အသံ၏ အလျင်နှုန်းအောက်ဖြင့် ပျံသန်းနိုင်ပြီး လတ်တလောတွင် အမေရိကန် ရေတပ်က စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်လျှက်ရှိသည်။

အမေရိကန် အနေဖြင့် မောင်းသူမဲ့ လေယာဉ်များကို လေယာဉ်တင် သင်္ဘောပေါ်မှ လွှတ်တင်နိုင်မည် ဆိုပါက ယင်းတို့ကို အသုံးပြုရန်အတွက် စစ်ဆင်ရေးပစ်မှတ် အနီးရှိ နိုင်ငံတစ်ခုခုတွင် အခြေစိုက်ခွင့်ရအောင် တောင်းဆိုနေစရာ မလိုတော့ချေ။ ထို့ကြောင့် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ပိုမိုတွင်ကျယ် လျင်မြန်စွာ ဆောင်ရွက်နိုင်စေမည့် မဟာဗျူဟာမြောက် အားဖြည့်မှု တစ်ခုအဖြစ် သတ်မှတ်လာနိုင်မည် ဖြစ်သည်။ 
 
အမေရိကန်သည် လတ်တလောတွင် Predatorနှင့် Reaper မောင်းသူမဲ့ လေယာဉ်များကို စစ်ဆင်ရေးကဏ္ဍအတွက် အသုံးပြုနေသော်လည်း အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ယီမင်တို့တွင် အခြေစိုက်စခန်းများ အသုံးပြုနေရသည်။ 
 
ပင်တဂွန်သည် ယင်းစစ်ဆင်ရေးများအတွင်း ဒေသခံ အစိုးရများနှင့် အငြင်းပွားဖွယ် အခြေအနေ အချို့ ကြုံခဲ့ရခြင်းကြောင့် လေယာဉ်တင် သင်္ဘောပေါ်မှ အခြေစိုက် ပျံသန်းနိုင်မည့် X-47B စီမံကိန်းကို အထူးတလည် အားပေးခဲ့ခြင်း ဖြစ်သည်။ ယင်းလေယာဉ်များသည် အမေရိကန် စစ်တပ်တွင် (၂၀၂၀)ပြည့်နှစ်၌ စတင် အမှုထမ်းနိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment