Pages

Wednesday, November 13, 2013

ရုရှားရေတပ်မှ Destroyer စစ်ရေယာဉ် Admiral Vinogradov အပါအဝင် စစ်ရေယာဉ်(၃)စီး ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး လာရောက်မည်

Photo

RangonNewsDaily:: November . 13 .2013
၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ မနက်ဖြန် နေ့လည်ပိုင်းတွင် ရုရှားရေတပ်မှ Udaloy Class Destroyer စစ်ရေယာဉ် Admiral Vinogradov နှင့်အတူ ပင်လယ်သွား တွန်းသင်္ဘော (Oceanic Tug) KALAR နှင့် ထောက်ပံ့ပို့ဆောင်ရေး ဆီသယ်ရေယာဉ် (Tanker) IRKUT တို့သည် ရေတပ်အရာရှိကြီးတစ်ဦး ခေါင်းဆောင်၍ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာမည် ဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)မှ အရာရှိ / စစ်သည်များနှင့် ရုရှားသံရုံး တာဝန်ရှိသူများမှ ကြိုဆိုနူတ်ဆက်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် နှစ်ပေါင်းများစွာအတွင်း ရှားပါးလှသော ရုရှားရေတပ် စစ်ရေယာဉ်များ၏ ချစ်ကြည်ရေးခရီးစဉ် ဖြစ်နိုင်ပြီး ရုရှားစစ်ရေယာဉ်များသည် ယခုလ နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။ ထို့ပြင် မနက်ဖြန် မွန်းလွဲပိုင်းအချိန်တွင်လည်း ခရီးစဉ်နှင့်ပတ်သက်၍ သီလဝါဆိပ်ကမ်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟုလည်း ဆိုပါသည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံရေတပ်ချင်းချင်း အပြန်အလှန် လေ့လာရေး၊ မြို့တွင်းလေ့လာရေး၊ အပြန်အလှန် ညစာစားပွဲများ နှင့် ချစ်ကြည်ရေးအားကစား အစီအစဉ်များအပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အား ဂါရဝပြု တွေ့ဆုံနူတ်ဆက်ခြင်း၊ ရေကြောင်းပညာတက္ကသိုလ် ကျောင်းသူ/သားများမှ လည်းကောင်း၊ ရုရှားသံရုံးအစီအစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ လူမူရေးအဖွဲ့အစည်းများ / လူပုဂ္ဂိုလ်များမှ လည်းကောင်း၊ နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသူ/သားများမှ လည်းကောင်း ရုရှားစစ်ရေယာဉ်များအား လေ့လာခြင်း အစီအစဉ်များလည်း ပါဝင်မည်ဟု ကြားသိရသည်။

ဖော်ပြပါ Destroyer စစ်ရေယာဉ် Admiral Vinogradov ရေယာဉ်ဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

Career

Class and type: Udaloy-class destroyer
Name: Admiral Vinogradov
Laid down: 5 February 1986
Launched: 4 June 1987
Commissioned: 30 December 1988
Status: in active service, as of 2013

General characteristics

Displacement: 6,200 t (6,102 long tons) standard
7,900 t (7,775 long tons) full load
Length: 534 ft 9 in (162.99 m)
Beam: 63 ft 4 in (19.30 m)
Draught: 20 ft 4 in (6.20 m)
Propulsion: 2 shaft COGAG, 4 gas turbines, 120,000 hp
Speed: 35 knots (40 mph; 65 km/h)
Range: 10,500 nautical miles (19,400 km) at 14 knots (16 mph; 26 km/h)
Complement: 350
Armament:
2 x 4 SS-N-14 anti submarine missiles
8 x vertical launchers for SA-N-9 surface to air missiles
2 x 1 100 mm guns
4 x 30 mm Gatling guns
2 x Altair CADS-N-1 Kashtan CIWS
2 x 4 553 mm Torpedo tube, Type 53 ASW/ASuW torpedo
2 x RBU-6000 anti submarine rocket launchers
Aircraft carried: 2 x Ka-27 'Helix'series helicopters
Aviation facilities: Helicopter deck and hangar

မောင်ရေခဲ
(Myanmar Navy) , kolatt(PBDN)
RangonNewsDaily

Photo

Photo

Photo

Photo

0 comments:

Post a Comment