Pages

Sunday, April 20, 2014

ထိုင်းရောက်မြန်မာလုပ်သားများ ထိုင်းရဲငွေညှစ်ခြင်းကို မကျေနပ်၍ အဝေးပြေးကားလမ်းခေတ္တပိတ် ဆန္ဒပြ

RangonNewsDaily: April . 20 .2014
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄၅ ဦး လိုက်ပါလာသည့် ကားသုံးစီးက မြို့အ၀င်ဂိတ်များမှ တစ်ဆင့် အဝေးပြေးလမ်းမပေါ်တွင် ပိတ် ရပ်ကာ ထိုင်းရဲများ ပိုက်ဆံ တောင်းသည်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) မှ သတင်းရရှိသည်။
ဧပြီ ၁၇ ရက်ညက မဲ ဆောက်မြို့မှ ဘန်ကောက်မြို့အ ၀င် အမှတ် (၆) စစ်ဆေးရေးဂိတ် ရှေ့တွင် ကားသုံးစီးပိတ်ရပ်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး အဓိကအကြောင်းရင်းမှာ ဘန် ကောက်မြို့သို့ အလုပ်လာလုပ် သည့် တရားဝင်မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းရဲ များက အကြောင်းအမျိုးမျိုးဖြင့် ပိုက်ဆံတောင်းနေသည်ကို မကျေနပ်၍ဖြစ်ကြောင်း MAT အဖွဲ့မှ ကိုဖြိုးသစ်ဆန်းက ပြော သည်။

‘‘ဘန်ကောက်ကို လာတဲ့ တရားဝင်အလုပ်သမားတွေကို ထိုင်းရဲက ငွေညှစ်တာမခံနိုင်လို့ လမ်းပိတ်ပြီး ဆန္ဒပြကြတာ။ ဘန် ကောက်ကို ၀င်ဖို့ ဂိတ်တွေက ငါး ဂိတ်လောက်ရှိပြီး ဂိတ်တိုင်းမှာ ပေးနေရတော့ အလုပ်သမားတွေ မခံနိုင်ကြတော့ဘူး။ နောက်ဆုံး တော့ဗျာ ကိုယ့်နိုင်ငံ သံရုံးက လည်း အားကိုးလို့မရတော့ အ လုပ်သမားတွေ ကိုယ့်နည်း၊ ကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြတာ’’ ဟု ကိုဖြိုးသစ်ဆန်းကဆိုသည်။

ထိုင်းရဲက မြန်မာအလုပ်သ မားများထံမှ ပိုက်ဆံတောင်းရာ တွင် အချို့ရဲများက မျက်နှာကို အ၀တ်ဖြင့် စည်းနှောင်ထားကာ စစ်ဆေးရေးဂိတ်အတွင်း အမှောင်ခန်းထဲသို့ ၀င်စေ၍ ပိုက်ဆံ တောင်းခြင်းဖြစ်ကြောင်း မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ကိုတင်ဝင်းအောင် ကပြောသည်။ စစ်ဆေးရေးဂိတ်တစ်ခုလျှင် ထိုင်း ဘတ်ငွေ တစ်ရာခန့်တောင်းပြီး ဘန်ကောက်မြို့ထဲဝင်နိုင်ရန် ဂိတ်ငါးခုဖြတ်ရသောကြောင့် ၎င်းတို့၏လုပ်အားခများ များစွာဆုံးရှုံးကြောင်း ကိုတင်ဝင်းအောင်က ဆိုသည်။

မြန်မာရွှေ့ပြောင်းအလုပ်သ မားများက အမှတ် (၆) စစ်ဆေး ရေးဂိတ်ရှေ့တွင် လမ်းဂိတ်၍ ဆန္ဒထုတ်ဖော်နေစဉ် ဘန်ကောက်ဘက်မှလာသည့် ကားများနှင့် မဲဆောက်ဘက်မှလာသည့် ကားများစစ်ဆေးရေးဂိတ်ရှေ့တွင် ပိတ်ဆို့သွားသောကြောင့် နာရီဝက်ခန့် အကြာတွင် လူစုခွဲခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ထိုင်းရဲက အခုလိုငွေညှစ် နေတာကို မြန်မာသံရုံးနဲ့ ထိုင်းအာ ဏာပိုင်တွေကို ဟိုတုန်းကတည်း က သက်သေအထောက်အထား တွေနဲ့ တင်ပြခဲ့ပေမယ့် အရေးယူမှု တွေမရှိခဲ့တော့ အလုပ်သမား တွေ ယခုအချိန်မှာ မခံနိုင်ကြ တော့တဲ့ အနေအထားကြောင့် ဆန္ဒပြပွဲ ဖြစ်လာတာ။ အဲဒီအ တွက် ကောင်းတာတစ်ခုက နောက်ဆို ထိုင်းရဲတွေလုပ်ရဲမှာ မဟုတ်သလို မြန်မာသံရုံးအနေနဲ့ လည်း အလုပ်သမားတွေကို အ ရေးမစိုက်တာတွေလည်း အများ သိဖြစ်သွားတာပေါ့’’ဟု MAT အုပ်ချုပ်မှုဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ကား လမ်းပိတ်ဆို့၍ ဆန္ဒထုတ်ဖော်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၁၄ နှစ်ဦးက ဖူးခက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် နှစ်ခု မှ မြန်မာအလုပ်သမားဦးရေရာ နှင့်ချီ၍ ၎င်းတို့၏ လုပ်ခလစာ အခက်အခဲအတွက် ဆန္ဒထုတ်ဖော် ခဲ့ဖူးသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment