Pages

Sunday, April 20, 2014

ဦးဝင်းတင်တို့ကို နေအိမ် ပြန်ပေးပါ ~


RangonNewsDaily: April . 20 .2014
ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးသမား အများအပြားကို ဗိုလ်ချုပ်ကြီးတွေ ထောင်ထဲ ထည့်လိုက်ချိန်မှာ ရန်ကုန်မြို့က သူတို့ရဲ့ နေအိမ် တိုက်ခန်းတွေလည်း ရှာဖွေရေးလုပ်ခံရ၊ ပစ္စည်းတွေ အသိမ်းခံရ၊ အိမ်မှာ ရှိသူတွေ မောင်းထုတ်ခံရပါတယ်။
မကြာသေးခင်က သူတို့ထဲကတချို့က နေအိမ် တိုက်ခန်းတွေ ပြန်ရလိုကြောင်း စာနယ်ဇင်းကတဆင့် ရင်ဖွင့်ခဲ့ကြတာပါ။

ဒီတော့ မေးခွန်းက သူတို့ရဲ တိုက်ခန်းတွေကို ပြန်ပေးမှာလား??

ပြန်ပေးမယ်လို့ အစိုးရက ပြောဆိုကြောင်း စံတော်ချိန်သတင်းစာမှာ ဧပြီ ၇ ရက်နေ့က ရေးထားပါတယ်။

ဦးဝင်းတင်အပါအ၀င် နိုင်ငံရေးသမားများကို ပြန်လည် စိစစ်ပြီး နေအိမ်များ ပြန်ချပေးမယ်လို့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောတယ်၊ ပြန်ရလိုကြောင်း လျှောက်လွှာ တင်ပါ၊
စိစစ်ပြီး ပြန်ပေးသင့်ရင် ပေးပါမယ် ဆိုပြီး ရေးထားတာ ဖတ်ရမှာပါ။

ဒါဆို လျှောက်လွှာ တင်ရင် ပြန်ပေးမှာလား??

နိုင်ငံရေးကြောင့် သိမ်းခံရရင် ပြန်ပေးမယ်၊
ပြစ်မှုကျူးလွန်လို့ သိမ်းရင်တော့ ပြန်မပေးဘူး လို့ ဆိုပါသတဲ့။

သူတို့ကို နိုင်ငံရေးကြောင့်ဖမ်းတာမဟုတ်ဘူး ပြစ်မှုကျူးလွန်လို့ ဖမ်းခဲ့ ထောင်ချခဲ့တာလို့ ဗိုလ်ချုပ်ကြီးတွေက အမြဲပြော အခုလည်း ပြောနေတာပါ။ နေအိမ်ပြန်ပေးရေးမှာလည်း ဒီလို စကားလုံး သုံးလာပြန်ပါပြီ။

ဖြစ်သင့်တာကတော့ ရိုင်းစိုင်း ရက်စက်ခဲ့တာတွေလည်း အများကြီး လုပ်ခဲ့ပြီးပြီ ဆိုတော့ နေအိမ်ပြန်ပေးရေးအတွက် လျှောက်လွှာ တင်ခိုင်းမနေပါနဲ့တော့ ... အစိုးရကိုယ်တိုင် စုံစမ်းရေးကော်မတီတခုဖွဲ့၊ ပြီးရင် သူတို့ကို နေအိမ်ပြန်ပေးလိုက်ခြင်းပါပဲ။

မှားယွင်းခဲ့တာကိုတော့ ပြန်တောင်းပန်ဖို့ ပြောမနေတော့ပါဘူး၊ အဲဒီတုန်းက ကျုပ်တို့က ယူနီဖောင်းဝတ်ထားတာ၊ အခု ယူနီဖောင်း ချွတ်လိုက်ပြီလို့ ဆင်ခြေပေးဖို့ များပါတယ်။

အစိုးရ ဖွဲ့ထားတဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီကလည်း သိမ်းဆည်းနေအိမ်ပြန်ပေးရေး ဆိုတာကို ဆောင်ရွက်မယ်ဆိုရင်လည်း သင့်လျော်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

The Irrawaddy , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment