Pages

Friday, September 14, 2012

အသုံးရခက်တဲ့ အပေါင်မဲ့ချေးငွေ

 
ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး(၃၄)ရက်မြောက်အစည်းအဝေးမှာလသာမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်
စားလှယ် ဦးကြည်မြင့်မေးတဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း အသေး စားနဲ့ အလတ်စားလုပ်ငန်းများ အတွက် အပေါင်မဲ့တစ်နှစ် ၁၅ ရာခိုင်နှုန်းအတိုးဖြင့် လုပ်ငန်းမည် မျှနဲ့ ချေးငွေမည်မျှထုတ်ချေးခဲ့ သည်ကို သိရှိလိုကြောင်းမေးခွန်းဟာကျွန်တော်တို့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အပေါင်မဲ့ ငွေထုတ်ချေးပေးတာနဲ့
ပတ်သက်တဲ့မေးခွန်းလို့ထင်ပါတယ်။
အသေး စားနဲ့အလတ်စား လုပ်ငန်းလုပ် ကိုင်သူတွေကို အရင်းအနှီးငွေရ စေဖို့ အတိုးသက်သာစွာနဲ့ထုတ်
ချေးပေးတာဖြစ်လို့အလွန်ကောင်း မွန်တဲ့လုပ်ငန်းဖြစ်ပါတယ်။ လက် တွေ့ငွေများထုတ်ချေးပေးတဲ့အခါ မှာ
တော့ အခက်အခဲတွေ့ရှိလာ ပြီး ကြာလာရင်  ငွေကြေးအ မြောက်အမြား ဆုံးရှုံးနိုင်ပြီး ရပ် ကွက်အုပ်ချုပ်ရေး
မှူးနဲ့ငွေချေးယူ သူတွေ ဒုက္ခလှလှတွေ့နိုင်တဲ့ အနေအထားများကို တွေ့ရပါ တယ်လို့ အပေါင်မဲ့ငွေကျပ်(၆) သိန်း ချေးယူထားသူ လူငယ်တစ် ဦးက ပြောပြလာပါတယ်။

ဆင်းရဲနွမ်းပါးလျော့နည်းရေး ဆိုပြီး ရပ်ကွက်အတွင်းက အသေး စားနဲ့အလတ်စား လုပ်ငန်းလုပ် ကိုင်သူများ
ကို ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့အဖွဲ့က အတိုးသက် သာစွာနဲ့ အပေါင်မဲ့ငွေများ နှစ် ကြိမ်တိုင် ထုတ်ချေးပေး
ခဲ့ပါတယ်။ ပထမအကြိမ်က (သိန်း ၈၀) ကျော်နဲ့၊ ဒုတိယအကြိမ်က (သိန်း ၂၀၀)ကျော်ထုတ်ချေးပေးခဲ့တာ
 ဖြစ်ပါတယ်။

 ငွေတစ်ရာနှစ်ကျပ်ခွဲ အတိုးနှုန်းနဲ့ လစဉ်ပေးဆပ်ရပါ တယ်။ ရပ်ကွက်အတွင်း အသေး စားနဲ့အလတ်စားလုပ်
ငန်းလုပ် ကိုင်သူများစာရင်းကို အုပ်ချုပ် ရေးမှူးနဲ့အဖွဲ့က ကြိုတင်စာရင်း များကောက်ယူပြီးအထက်ကိုတင်
 ပြပြီး ခွင့်ပြုချပေးလိုက်တဲ့ငွေများ ကို ထုတ်ချေးပေးတာဖြစ်ပါတယ်။ ငွေချေးယူသူများသည် ချေးယူလို သည့်
 ငွေသုံးပုံတစ်ပုံကို ဘဏ် များတွင် စုဆောင်းငွေအပ်နှံထား သူဖြစ်ရမည်။

 ချေးယူရရှိသည့် ငွေ ကို သုံးလတစ်ကြိမ်ပြန်လည် ပြ သရမည်။ ကျသင့်အတိုးငွေများ ကို လစဉ်ပေးဆပ်ရ
မည်ဆိုတဲ့ စည်းကမ်းချက်များနဲ့ ထုတ်ချေး ပေးထာဖြစ်ပါတယ်။ ငွေချေးယူ လိုသူများဟာ ဘဏ်များတွင် စု
 ဆောင်းထားငွေမရှိသူများဖြစ်ကြ ပါတယ်။

ကျွန်တော်လုပ်ငန်းအတွက် နှစ်ဦးအမည်နဲ့ ငွေ(၆ သိန်း)ကျပ် ချေးယူရရှိခဲ့ပါတယ်။ ဘဏ်မှာ စုဆောင်းထား
ငွေမရှိတာကြောင့် ငွေ (၂ သိန်း)ကျပ် ဘဏ်မှာ စု ဆောင်းထားငွေအဖြစ် ထားပေး ဖို့ ဖြတ်ယူလိုက်ပြီး ငွေ(၄ သိန်း) ကျပ်ထုတ်ပေးပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က ထုတ်ပေး တာဖြစ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်
ရေးမှူးအဖွဲ့ဆိုတာက ရပ် ကွက်အုပ်ချုပ်ရေးမှူးက သူနဲ့ရင်း နှီးယုံကြည်ရတဲ့ ရာအိမ်မှူးတွေနဲ့ ဖွဲ့စည်းထား
တာ  ဖြစ်ပါတယ်။

အတိုးငွေကို ချေးယူငွေ (၆ သိန်း) အတွက် (၁၅၀၀၀)ကျပ် လစဉ် ပေးဆပ်ရပါတယ်။ ချေးယူတဲ့ ငွေကိုလည်း သုံးလတစ်ကြိမ်ပြန် ပြရပါတယ်။ ဖြတ်ယူထားလိုက် တဲ့ငွေနှစ်သိန်းအတွက် အတိုး တစ်ကျပ်ခွဲနှုန်းပြန်ပေးပါ
တယ်။ လက်ခံရရှိတဲ့ငွေ (၄ သိန်း)အပေါ် တွက်ရင်တော့ အတိုးတစ်လ တစ်သောင်းကျပ်ပဲကျပါတယ်။ လစဉ်
အတိုးနှစ်ထောင် အပိုပေး ရသလိုဖြစ်နေပါတယ်။ အတိုး သက်သက်သာသာနဲ့ လုပ်ငန်းအ တွက် ရင်းနှီးရ
တာကြောင့် သာ တာနာတာ တွက်မနေဘဲ ချေးယူ ခဲ့တာဖြစ်ပါတယ်။

ထုတ်ချေးပေးတဲ့ငွေများကို လုပ်ငန်းအတွက် တစ်ဆက်တည်း  သုံးစွဲခွင့်ရတာမျိုးမဟုတ်ဘဲ သုံး လတစ်ကြိမ်
 ပြန်ပြရတဲ့ စည်းကမ်း ချက်ကြောင့် ငွေချေးယူဖို့စာရင်း ပေးခဲ့သူအချို့ဟာ ငွေမပေးချေ ကြတော့ဘဲ  နောက်
ဆုတ်သွား ကြပါတယ်။

 ကြိုတင်စာရင်းအရ နောက်ဆုတ်သွားကြသူတွေအ တွက် ချပေးလိုက်တဲ့ ခွင့်ပြုချေး ငွေအပေါ် အတိုးငွေပေ
ဆပ်ဖို့ အုပ်ချုပ်ရေးမှူးအတွက် တာဝန် ရှိလာပါတယ်။ လုပ်ငန်းရှိသူ၊ မရှိ သူမကြည့်တော့ဘဲ နောက်ဆုတ် သွားသူတွေအတွက် ရရှိလာတဲ့ ချေးပေးရမယ့်ငွေတွေကို အုပ် ချုပ်ရေးမှူးက သူနဲ့ရင်းနှီးသူ ရာ အိမ်မှူးတွေ
ကို ခွဲဝေချေးပေးတဲ့ နည်းနဲ့ ဖြေရှင်းလိုက်ပါတယ်။တချို့ရပ်ကွက်တွေမှာတော့အုပ်ချုပ်ရေးမှူးက သူယုံကြည်
စိတ်ချရသူ တစ်ဦးနှစ်ဦးကိုပဲ ချေး ပေးခဲ့ကြတယ်လို့ ကြားရပါတယ်။

အုပ်ချုပ်ရေးမှူးက ခွဲဝေပြီး ချေးပေးလိုက်တဲ့ ရာအိမ်မှူးတွေ အနေနဲ့ ရပ်ကွက်ထဲငွေတိုးပြန်ပေး ပြီးချေးယူ
ငွေအတွက် အတိုးများ ပေးဆပ်နိုင်ကြမှာဖြစ်ပေမဲ့သုံး လတစ်ကြိမ်ပြန်ပြရတဲ့ချေး ငွေကို ဘယ်လိုပြကြတယ်
ဆိုတာ တော့ မပြာပြတတ်ပါဘူး။

ကျွန် တော့်အတွက်တော့ နီးစပ်ရာက ငွေတစ်ရာ(၁၀)ကျပ်၊ (၁၅)ကျပ် တိုးနဲ့ ခေတ်္တချေးပြီး ပြရတဲ့ဒုက်္ခက အ
တော်ကြီးပါတယ်။ ချေးယူလို့ သက်သာတဲ့ အတိုးထက် ငွေပြ ဖိုးပေးရတဲ့အတိုးက ပိုပြီးကြီးမား နေပါတယ်။

ငွေချေးလုပ်ငန်းအတွက်စာ ရင်းစစ်တဲ့အဖွဲ့ တစ်ကြိမ်ရောက် လာတာတွေ့ရပါတယ်။ ငွေချေး သူ ချေးယူငွေ လုပ်ငန်းအမျိုးအ မည်တွေကို သေချာစွာ စစ်ဆေး တာမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးမှူး အဖွဲ့က ရေပြီးတင်ပြတဲ့
အမည် တွေကို ဖတ်ကြည့်ပြီးပြန်သွားကြ တာဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါး မှုလျော့နည်းဖို့ ငွေတွေအမြောက် အများကို အတိုးသက်သာစွာနဲ့ လုပ်ငန်းငယ်တွေ အရင်းအ
နှီးရရှိ အောင် ထုတ်ချေးပေးတာဆိုရင် တော့ ငွေချေးလုပ်ငန်းကြီးရေရှည် တည်တံ့ခိုင်မြဲနေအောင် ခိုင်မာတဲ့
ကော်မတီများကို စနစ်တကျ ဖွဲ့စည်းပြီးအရင်းအနှီးအတွက် တစ်ဆက်တည်း သုံးစွဲဖို့ ချေးပေး တာမျိုးပဲဖြစ်
သင့်ပါတယ်လို့ လူ ငယ်ရဲ့ တစ်ဆက်တည်းပြော ကြားချက်တွေကို ကြားလိုက်ရပါ တယ်ဗျာ။




HotNewsJournal

0 comments:

Post a Comment