Pages

Friday, September 14, 2012

ကျောင်းဆင်းချိန် KIA မှ မိုင်းခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ သေဆုံး ဒဏ်ရာရရှိ



ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်းရှိ မှော်ဝန်း ကလေးေ ကျးရွာနှင့် စွန့်ငိုင်ကျေးရွာ ကြား တွင် ကျောင်း
ဆင်းချိန် KIA အဖွဲ့မှ မိုင်းဖောက်ခွဲမှုကြောင့်  ကျောင်းသူ၊ ကျောင်းသား အများ အပြား ထိခိုက် ဒဏ်ရာ ရရှိ
ခဲ့ပြီး အသက်(၁၃)အရွယ်ရှိ စွန့်ငိုင်ရွာတွင်နေထို င်သော ကျောင်းသူမဆိုင်းဂျာအိမ် သည် အရေးပေါ်လူနာ
အဖြစ် ဖားကန့်ဆေးရုံသို့ရောက်ရှိလာကာ ခွဲစိတ်ဆရာဝန် များနှင့် သူနာပြုများမှ အစွမ်းကုန် ကုသပေးခဲ့
သော်လည်း ည(၁၀)နာရီခန့်တွင် သေဆုံးသွားခဲ့တယ် လို့ သိရပါတယ်။
ဖြစ်စဉ်မှာဗမာစစ်တပ်တို့မှော်ဝန်းကလေးရွာနှင့်စွန့်ငိုင်ရွာပတ်ဝန်းကျင်တွင်ချီတက်လာ သည် ကို စောင့်ကြို ကာKIAအဖွဲ့မှမိုင်းထောင်ဖောက်ခွဲခဲ့ရာကျာင်းဆင်းချိန်နှင့် တိုက်ဆိုင်သွားပြီး မှော်ဝန်း လေးကျေးရွာရှိ
ကျောင်းမှပြန်လာသောကျောင်းသားကျောင်းသူများနှင့်မဆိုင်းဂျာအိမ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ တာဘဲ ဖြစ်ပါ
တယ်။ 

စွန့်ငိုင်ကျေးရွာမှဒေသခံတစ်ဦး၏ပြောကြားချက်အရဗမာစစ်တပ်ခမရ(၃၈၉)သည်မှော် ၀န်းလေး ကျေးရွာမှ စွန့်ငိုင်ကျေး ရွာသို့ ချီတက်လာစဉ် KIA အဖွဲ့မှ စောင့်ကြိုကာ မိုင်းအလုံး(၃၀)အား အဝေး ထိန်းစနစ်ဖြင့် လမ်းတစ်လျှောက်လုံး ဆက်တိုက်ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 
`` မိုင်းခွဲတဲ့အချိန်က ကျောင်းလွှတ်တဲ့အချိန်နဲ့ သွားတိုက်တော့ အခုလိုဖြစ်သွားတာ ကလေးတွေက ဗမာ စစ်တပ်ရှေ့က ကျောင်းပြန်လာတာကို ခွဲလိုက်တာလေ။ တကယ်ဆို KIA ဆိုတာလည်း ကချင်ပါ ဘဲ ဒီရွာမှာရှိတဲ့ သူတွေကလည်း ကချင်လူမျိုးတွေပါဘဲ။ ဗမာစစ်တပ်ကို မိုင်းခွဲချင်တယ်ဆိုပေမဲ့ ကလေးတွေ လည်း ရောပါလာတာကို သူတို့ဒီလိုမလုပ်သင့်ဘူးလေ။ လူမျိုးအချင်းချင်းအပေါ်တောင် တော်တော် ရက်စက်ရာကြတယ်။ 
သူတို့လုပ်ချင်ပြီဆိုရင် လူမျိုစွဲ၊ ဒေသစွဲတွေပါ ဘာမှ ထောက်ထားမှု မရှိတော့ဘူး။ သူတို့လူကြီး တွေက လည်း မရရအောင် လုပ်ခိုင်းလိုက်တာနဲ့တူပါတယ်။ ကလေးကို ကျောင်းကြိုလာတဲ့ ဒေသခံ ရွာသူ/ရွာ သားတွေ လည်း အကုန်လုံး ထိသွားတာပေါ့။ 
ကချင်လူမျိုး ကောင်းစားရေး ၊ ကချင်ပြည် နယ် ကောင်းစားရေး ဆိုတဲ့ သူတို့ရဲ့ ကြွေးကြော်သံတွေဆိုတာ အခုလိုလုပ်လိုက်လို့ ကချင်ပြည်နယ် မှာရှိတဲ့ ကချင်လူမျိုးတွေ တစ်ယောက်မှမရှိဘဲ ကချင်လူမျိုးတွေ မျိုးပြုတ်ပြီး သူတို့ဘဲကျန်ခဲ့မဲ့ သူတို့ဘဲ ကောင်း စားမဲ့ ကြွေးကြော်သံလား ခံယူချက်လား။ 
တကယ်တမ်းပြောရရင် အခုကျောင်းသူကျောင်းသာတွေဆိုတာ ကချင်ပြည်နယ်ကို အရောင်းအသွေး မျိုးစုံနဲ့ လှပဝေစာဖို့ သရုပ်ပီပီပြင်ပြင်ရေးချယ်ပေးမဲ့ အနာဂတ်ရဲ့ အဖူးအပွင့်လေးတွေပါ။ သူတို့တွေ အခုလို လုပ်နေလို့ တိုင်းရင်းသားလူမျိုးတွေရဲ့ကြားမှာ ကချင်လူမျိုးဆိုတာ အရှက်တကွဲအကျိုးနဲ ဖြစ်နေရပြီ။ လမ်းတွေ ဖျက်တယ်၊ တံတားတွေဖျက်တယ်၊ ဒေသခံတွေကို စီးပွားရေးလုပ်စားလို့ မရအောင် အမျိုးမျိုး ဖန်တီးတယ်။
နောက်ဆုံးဗျာကျောင်းတက်တဲ့ ကလေးတွေကိုတောင် တကယ် တိုးတက်စေမယ့် ပညာရေးကို လက်မခံဘဲ ကချင်စာကိုဘဲသင်ရမယ်၊ကချင်တော်လှန်ရေးအကြောင်းတွေဘဲသိရမယ်ဆိုတာကပြည်နယ်အတွက်တကယ်
ကိုနစ်နာလွန်းပါတယ်။စစ်တွေဖြစ်နေလို့သူများပြည်နယ်နဲ့ယှဉ်လိုက်ရင်ဒီ(၁)နှစ်(၂)နှစ် အတောအတွင်းမှာ
ဘဲ တိုးတက်မှုတွေ လုံးဝမရှိတော့ဘူး။ 
တဖြည်းဖြည်းစုတ်ယုတ်ပြီးအခြားတိုင်းရင်းသားတွေနဲ့အခြားပြည်နယ်တွေကြားမှာမျက်နှာငယ်အောင် လုပ်
နေကြတာ။ဒီလိုလုပ်ရပ်တွေကိုရပ်တန်းကရပ်ဖို့အချိန်တန်ပြီဗျာ လို့ သေဆုံးသွားတဲ့ မဆိုင်းဂျာအိမ်ရဲ့ အဖေ ဦးဘရန်ရှောင်က စို့နစ်ကြေကွဲစွာ KDN သတင်းဌာနသို့ ပြောလာခဲ့ပါတယ်။
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment