Pages

Friday, September 14, 2012

မန်ယူအတွက် ကစားသည့်ပွဲပေါင်း ၇၀၀ ပြည့်မြောက်မည့် ပေါလ်စခိုး

paul scholes

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်စခိုးသည် စက်တင်ဘာ ၁၅ ရက် (စနေနေ့)တွင် အိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားမည့် ဝီဂန်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ခဲ့ပါက မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်
တွင် ပေါလ်စခိုး ပါဝင်ကစားသည့် ပွဲပေါင်း ၇၀၀ ပြည့်မြောက်မည် ဖြစ်ကြောင်း Daily Mail က ဖော်ပြသည်။ ပေါလ်စခိုးသည် မန်ယူတစ်သင်းတည်းတွင်သာ ဘောလုံးကစားခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၉၁ မှ ၁၉၉၃ ခုနှစ်အထိ မန်ယူလူငယ်အသင်းတွင် ပါဝင်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှစတင်ကာမန်ယူအ

သင်းကြီးတွင် ပါဝင်ကစားခဲ့ခြင်း ဖြစ်သည်။ 

၂၀၁၁ ခုနှစ်တွင် ဘောလုံးကစားခြင်းမှ အနားယူခဲ့သော်လည်း မန်ယူ၏ ကစားသမားလိုအပ်ချက်အရမန်နေ
ဂျာဖာဂူဆန်က ပေါလ်စခိုးအား ပြန်လည်ခေါ်ယူကာ ကစားစေခဲ့ခြင်း ဖြစ်သည်။


Planet Myanmar Media:

0 comments:

Post a Comment