Pages

Friday, September 14, 2012

ထိုင်းမြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် ၁ သိန်း ၂ သောင်းခန့်ဟာ တနှစ် အတွင်း မြန်မာနိုင်ငံကို ပြန်ခွင့် ရနိုင်တော့မည်

Photo: ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၁ သိန်း ၂ သောင်းခန့်ဟာ တနှစ်အတွင်း မြန်မာနိုင်ငံကို ပြန်ခွင့် ရနိုင်တော့မယ်လို့ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက မနေ့က ကြေညာလိုက်ပါတယ်။

 မြန်မာအစိုးရ နေပြည်တော်မှာ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ဆွေးနွေးအပြီး ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Wichean Potephosree က အခုလို ကြေညာချက်
ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

ဒုက္ခသည်တွေ ပြည်တွင်း ပြန်လာရင် အလုပ်အကိုင် အနေအထိုင်တွေ ရဖို့ မြန်မာအစိုးရ အနေနဲ့ နယ်စပ်တလျှောက် မြေမြုပ်မိုင်း ရှင်းလင်းရေး၊ လူနေ အဆောက်အဦးတွေ ဆောက်လုပ်ရေးနဲ့ တခြား အခြေခံ အဆောက်အဦတွေ ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

ထိုင်းအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးက
 ပြောခွင့်ရသူ Sunai Phasuk ကတော့ မြန်မာဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ထိုင်းလုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍလည်း ရှိပါတယ်လို့
 ပြောပါတယ်။

(Video) ထိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်မှာ လုံခြုံချောမွေ့စွာ ပြန်လည် နေထိုင်နိုင်ရေး၊ နယ်စပ်တလျှောက် စက်ရုံ အလုပ်ရုံတွေ ဆောက်လုပ်ပြီး ရင်းနှီး မြုပ်နှံကြဖို့ မြန်မာအစိုးရက တောင်းဆို ထားတယ်လို့လည်း HRW ပြောခွင့်ရသူက ဆိုပါတယ်။ 

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည် စခန်း ၉ ခုရှိပြီး ရှမ်းနဲ့ကရင် တိုင်းရင်းသား ဒုက္ခသည်တွေက အများစုလို့ သိရပါတယ်။  

(Photo: TBBC)
(Photo: TBBC)
ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၁ သိန်း ၂ သောင်းခန့်ဟာ တနှစ်
အတွင်း မြန်မာနိုင်ငံကို ပြန်ခွင့် ရနိုင်တော့မယ်လို့ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက မနေ့က ကြေညာ
လိုက်ပါတယ်။မြန်မာအစိုးရ နေပြည်တော်မှာ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ဆွေးနွေးအ
ပြီး ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Wichean Potephosree က အခုလို ကြေညာချက်
ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ပြည်တွင်း ပြန်လာရင် အလုပ်အကိုင် အနေအထိုင်တွေ ရဖို့ မြန်မာအစိုးရ အနေနဲ့ နယ်စပ်တ
လျှောက် မြေမြုပ်မိုင်း ရှင်းလင်းရေး၊ လူနေ အဆောက်အဦးတွေ ဆောက်လုပ်ရေးနဲ့ တခြား အခြေခံ အ
ဆောက်အဦတွေ ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ထိုင်းအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးက ပြောခွင့်ရသူ Sunai Phasuk ကတော့
 မြန်မာဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ထိုင်းလုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍလည်း ရှိပါတယ်လို့ ပြော
ပါတယ်။

(Video) ထိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်မှာ လုံခြုံချောမွေ့စွာ ပြန်လည် နေ
ထိုင်နိုင်ရေး၊ နယ်စပ်တလျှောက် စက်ရုံ အလုပ်ရုံတွေ ဆောက်လုပ်ပြီး ရင်းနှီး မြုပ်နှံကြဖို့ မြန်မာအစိုးရက
 တောင်းဆို ထားတယ်လို့လည်း HRW ပြောခွင့်ရသူက ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည် စခန်း ၉ ခုရှိပြီး ရှမ်းနဲ့ကရင် တိုင်းရင်းသား ဒုက္ခသည်တွေက အများ
စုလို့ သိရပါတယ်။ 
 
 
RFA (Burmese)


0 comments:

Post a Comment