Pages

Tuesday, May 12, 2015

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်

RangonNewsDaily:: May . 12 .2015
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နေပြီး မုန်တိုင်းအဆင့် မဖြစ် သေးသော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ များ၌ မိုးတိမ်တောင်အန္တရာယ် ရှိနေသေးကြောင်း မိုးလေ၀သ နှင့်ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးသည်။
‘‘အခုဖြစ်နေတဲ့ လေဖိအား နည်းရပ်ဝန်းက မုန်တိုင်းဖြစ်ဖို့ ၂၀ ရာခိုင်နှုန်းအခြေအ နေရှိနေပြီ။ မြန်မာနိုင်ငံအတွက် သက်ရောက်မှုမရှိနိုင်ဘူး။ မိုးနည်း နည်းပဲရမယ်။ ဒါပေမဲ့ မြောက်ပိုင်း ဒေသတွေ၊ မန္တလေးတိုင်းဘက် တွေမှာ မိုးတိမ်တောင်ကိုအမြဲ တမ်းသတိထားနေရဦးမယ်’’ဟု ဒေါက်တာထွန်းလွင်က ပြော ကြားသည်။
မေလ၁၁ရက် တိုင်းတာချက်များအရ အင်အားလျော့သွားနိုင်ပြီး အကယ်၍ မုန်တိုင်းအဆင့်ဖြစ်ခဲ့ပါက အာရေဗျပင်လယ် ဘက်သို့ ရွေ့လျားသွားနိုင်ကြောင်း နိုင်ငံတကာမိုးလေ၀သဌာနများ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင် က သတင်းထုတ်ပြန်ထားသည်။
::
မိုး/ဇလဌာနက မေလ ၁၁ ရက်မှ ၂၀ရက်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ် ကာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မေလ ၁၁ ရက်ညတွင် သတင်းထုတ်ပြန်သည်။ မုန်တိုင်းအဆင့်သို့ရောက်ရှိလာပါက ၂၀၁၅ ခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်၌ ပထမဆုံးဖြစ်ပေါ်လာမည့် မုန်တိုင်းဖြစ်လာမည်။
::
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် မိုးသက်လေပြင်းကျခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ မုတ်သုံမ၀င်မီအထိ သတိပြုသင့်ကြောင်း၎င်းကပြောသည်။ အနောက်တောင်မုတ်သုံလေမှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေလ ၂၀ ရက်နောက်ပိုင်းမှသာ ၀င်ရောက်ဖွယ်ရှိကြောင်း ဒေါက်တာ ထွန်းလွင်ကခန့်မှန်းထားသည်။
::
အခြားရာသီဥတုသတင်း တစ်ရပ်အနေဖြင့် လူအများစိတ်ဝင်စားနေသည့် ဘာရန်ကျွန်းမီးတောင်နှင့် ပတ်သက်၍ မီးတောင်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ပေါက်ကွဲမှုသတိပေးအဆင့်သည် အသေးစားအလတ်စားအဆင့်သာ သတ်မှတ်ထားကြောင်း ၎င်းကရှင်းပြသည်။
7Day Daily ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment