Pages

Tuesday, May 12, 2015

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်း ဝတ်စုံ စပွန်ဆာ မရသဖြင့် ဝယ်ဝတ်ရမည်


RangonNewsDaily:: May . 12 .2015
ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းအတွက် ဝတ်စုံ စပွန်ဆာရရှိရန် အားကစားပစ္စည်းကုမ္ပဏီ များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေသဖြင့် ဝတ်စုံများ ဝယ်ယူ ဝတ်ဆင်ရမည် ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းများကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး အီတလီ အားကစားပစ္စည်း ကုမ္ပဏီ Lotto မှ စပွန်ဆာ ပေးခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ လက်ရွေးစင်အသင်း ဝတ်စုံ စပွန်ဆာအတွက် Nike ၊ Adidas စသည့် ကမ္ဘာကျော် အားကစားပစ္စည်း ကုမ္ပဏီများနှင့် ဆွေးနွေးခဲ့သော်လည်း အဆင်မပြေခဲ့သလို အီတလီ အားကစားပစ္စည်းကုမ္ပဏီ Legea နှင့် ဆွေးနွေးနေသော်လည်း ပြိုင်ပွဲအချိန်မီ ဝတ်စုံ မရနိုင်သဖြင့် ဝယ်ယူဝတ်ဆင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
::
“ကမ္ဘာ့ဖလားအမီ ဝတ်စုံစပွန်ဆာရဖို့ ကြိုးပမ်းခဲ့ပေမယ့် အချိန်မီ မရနိုင်တော့ပါဘူး။ ဒါကြောင့် ပြိုင်ပွဲအတွက် လိုအပ်တဲ့ဝတ်စုံကို ဝယ်ယူ ဝတ်ဆင်ရတော့မှာပါ။ ကမ္ဘာ့ပြိုင်ပွဲဝင်အသင်းအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ အားလုံးကို ဝယ်ယူအသုံးပြုရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။
::
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းနှင့် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းများအတွက် လိုအပ်သော ဝတ်စုံ ဝယ်ယူအသုံးပြုရာတွင် Lotto အမှတ်တံဆိပ်ကိုသာ ဝယ်ယူမည် ဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းနှင့် စင်ကာပူ ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းတို့ကို Ooredoo ကုမ္ပဏီနှင့် ဧရာဝတီဘဏ်တို့မှ စပွန်ဆာပေးထားပြီး ကုန်ကျစရိတ်များကို အဖွဲ့ချုပ်နှင့် မျှဝေစိုက်ခံပေးမည် ဖြစ်သည်။
Mizzima ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment