Pages

Tuesday, May 12, 2015

တောင်ငူတွင် ငွေစက္ကူအတု ကျပ် ၇၆ သိန်းကျော် ဖမ်းဆီးရမိ


RangonNewsDaily:: May . 12 .2015
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ငွေစက္ကူအတု ကျပ် ၇၆ သိန်းကျော် ဖမ်းဆီးရမိ ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မေလ ၁၁ ရက် နေ့လယ် ၂ နာရီခွဲတွင် တောင်ငူမြို့ ကန်ရိုး ကျေးရွာ ရန်ကုန်-မန္တလေးလမ်း ဘေးရှိ လျှံလျှံစားသောက်ဆိုင်၌ ငွေစက္ကူအတု လဲလှယ်သူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ တောင်ငူခရိုင် မှုခင်းရဲတပ်ဖွဲ့က သက်သေများနှင့်အတူ သွားရောက် ရှာဖွေစစ်ဆေးခဲ့သည်။


အဆိုပါစားသောက်ဆိုင်ရှိ သီးသန့်ခန်းအတွင်း ကရင်ပြည် နယ် လိပ်သိုမြို့ နာလောပိုလီ ကျေးရွာ၌ နေထိုင်သော အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦး ၏လွယ်အိတ်အတွင်းမှ ငွေ စက္ကူအတု ကျပ်ငါးထောင်တန် ၄၁၄ ရွက်၊ တစ်သောင်းတန် ၅၅၄ ရွက်၊ တစ်ထောင်ကျပ်တန် ရှစ်ရွက်၊ စုစုပေါင်းငွေကျပ် ၇,၆၁၈,၀၀၀ နှင့် ဆိုင်ကယ်တစ် စီး သိမ်းဆည်းရမိခဲ့သည်။
::
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူမြို့မရဲစခန်းတွင်အမှုဖွင့် ၍ ဆက်လက်စုံစမ်းစစ်ဆေးနေ ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။
Working People Daily ,သတင်းဓာတ်ပုံ - ကိုသားကြီး
DVB ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment

 
world time