Pages

Saturday, May 9, 2015

ကပ္ပလီပင်လယ်ရှိ မီးတောင်ပေါက်ကွဲလျှင် မြန်မာကမ်းရိုးတန်းဒေသများ ဆူနာမီအန္တရာယ်ရှိခြင်းကြောင့် သတိပြုရန် ငလျင်ပညာရှင်များထုတ်ပြန်


RangonNewsDaily:: May . 9 .2015
မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၂၅၀ ခန့် ကွာဝေးသည့် ကပ္ပလီပင်လယ်အတွင်းရှိ မီးတောင်တစ်လုံးမှ ပြာမှုန့်များမှုတ်ထုတ်နေပြီး ပေါက်ကွဲခဲ့ပါက ဒေသတွင်းကမ်းရိုးတန်းနေရာများတွင် ဆူနာမီအန္တရာယ်ရှိနိုင်သောကြောင့် သတိပြုရန်လိုကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက မေလ ၈ ရက်ညနေတွင် သတိပေးချက် ထုတ်ပြန်သည်။

ကပ္ပလီပင်လယ်အတွင်းရှိ အိန္ဒိယနိုင်ငံပိုင် ဘာရန်ကျွန်း(Barren Island) မီးတောင်မှာ ပေါက်ကွဲမည့် လက္ခဏာအဖြစ် မတ်လမှစတင်၍ ပြာမှုန့်များ မှုတ် ထုတ်နေခြင်းဖြစ်သည်။ နိုင်ငံ တကာဘူမိဗေဒလေ့လာရေးဌာန များက ပေါက်ကွဲမည်ဟု လတ် တလော သတင်းထုတ်ပြန်ခြင်းမရှိ သေးသော်လည်း အကယ်၍သာ ပေါက်ကွဲခဲ့ပါက ဆူနာမီအန္တ ရာယ်ရှိကြောင်း သတိပေးထား သည်။

ဘာရန်ကျွန်း (Barren Is−land)မီးတောင်သည် အိန္ဒိယ မြေထုချပ်ပေါ်တွင် တည်ရှိပြီး ယင်း မြေထုချပ်သည် မြန်မာမြေထု ချပ်နှင့် ဆက်စပ်နေသောကြောင့် အကယ်၍ပေါက်ကွဲခဲ့ပါက မြန်မာ နိုင်ငံ ကမ်းရိုးတန်းဒေသများသို့ သက်ရောက်မှုရှိနိုင်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဒေါက်တာကျော်ထွန်းက ပြော သည်။ သို့သော် စိုးရိမ်မှုမလွန်ကဲရန် ၎င်းကသတိပေးသည်။

‘‘အကယ်၍ ပေါက်ကွဲခဲ့ရင် သူ့ပြင်းထန်အားဘယ်လောက်ရှိ မလဲပေါ့။ သူ့ပြင်းထန်အားအပေါ် မူတည်ပြီး အဲဒီပတ်လည်မှာ င လျင်သေးသေးလေးတွေ ဖြစ်နိုင် တယ်ပေါ့။ မီးတောင်ပေါက်တိုင်း တော့ ကြီးကြီးမားမားငလျင်မလှုပ် ဘူး။ လူတွေကတော့ ကြိုတင်ပြီး သတိဝီရိယထားရင်တော့ကောင်း တာပေါ့ဗျာ။ သို့သော်လည်းဆူနာ မီဖြစ်မယ်လို့ပြောလောက်အောင် တော့ အချိန်စောသေးတယ်လို့ ယူဆတယ်။ သတိထားနေတာ တော့အကောင်းဆုံးပေါ့ဗျာ’’ဟု ဒေါက်တာကျော်ထွန်းက ပြောသည်။


ဘာရန်ကျွန်းမီးတောင်အခြေ အနေနှင့်ပတ်သက်၍ ထွက်ပေါ်နေသောသတင်းများကို မြန်မာနိုင်ငံမြေငလျင်ကော်မတီက အသေး စိတ်ရှင်းပြရာတွင် ဧပြီ ၂၇ ရက်၌ လေယာဉ်မှူးတစ်ဦးက ထိုမီးတောင်မှ ပြာမှုန့်များ မှုတ်ထုတ်နေသည်မှာ မီတာ ၃၀၀၀ (ပေတစ်သောင်း) ခန့် ရှိနိုင်သည် ဟု လေကြောင်းလိုင်းများ အား သတိပေးချက်ထုတ်ပြန်ခဲ့ ကြောင်း၊သို့ရာတွင် ယင်းမီးတောင်သည် ပြီးခဲ့သည့် မတ်လကတည်းက ချော်ရည်များ မှုတ်ထုတ်နေခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ငလျင်တိုင်းစက်များ၊ ကင်မရာများဖြင့် အချိန်ပြည့် စောင့်ကြည့်နေ ကြောင်း၊ ကြီးမားသောပေါက်ကွဲ မှုမျိုးဖြစ်မည်ဟု သတင်းထုတ် ပြန်ထားခြင်းမရှိသေးဘဲ ပေါက်ကွဲခဲ့ပါက အနီးဆုံးငလျင်စခန်းများက သိရှိနိုင်မည်ဖြစ်ကာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အက်ဒမန်ကျွန်းဒေသများနှင့် မြန်မာကမ်းရိုးတန်း ဒေသများဖြစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများ၊ တနင်္သာရီကမ်းရိုးတန်း၊ မြိတ်ကျွန်းစုတို့တွင် သက်ရောက်နိုင်ကြောင်း ရှင်းပြထားသည်။

ယင်းမီးတောင်သည် လွန်ခဲ့ သော နှစ် ၁ ဒသမ ၇ သန်းခန့်က စတင်ဖြစ်ပွားခဲ့သည်ဟု ခန့်မှန်းရ ပြီး အမြဲလှုပ်ရှားမှုရှိကာ အကြီး စားပေါက်ကွဲမှုမျိုး အကြိမ်များစွာ ဖြစ်ဖူးသည်ဟု သမိုင်းမှတ်တမ်း များအား ကိုးကား၍ မြန်မာနိုင်ငံ မြေငလျင်ကော်မတီအထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ 

လွန်ခဲ့သောနှစ်ပေါင်း ၇၀,၀၀၀ ခန့်က ကြီးမားစွာပေါက် ကွဲခဲ့ပြီး ယခုအခါ တောင်အမြင့် ၃၀၀ မီတာ(ပေ ၁,၀၀၀)ခန့်ကို ပြန်ရောက်လာကာ ပေါက်ကွဲမည့် လက္ခဏာအဖြစ် ချော်ရည်ပူများ မှုတ်ထုတ်နေသည်ဟု ဆိုသည်။ သို့သော် ငလျင်ကဲ့သို့ပင် မည် သည့်အချိန်တွင် ပေါက်ကွဲမည်ဟု အတိအကျ မခန့်မှန်းနိုင်ဘဲ မြန်မာကမ်းရိုးတန်းဒေသ ခံများအနေ ဖြင့် စိုးရိမ်မှုမလွန်ကဲရန် မြန်မာနိုင် ငံမြေငလျင်ကော်မတီမှ တာဝန် ရှိသူများက ပြောသည်။

ဘာရန်ကျွန်းမီးတောင်သည် မြန်မာ့မြေလွှာထုချပ်နှင့် ဆက်စပ် နေသည့်အပြင် အကယ်၍ ပေါက် ကွဲပါက မြန်မာကမ်းရိုးတန်းဧရိ ယာသို့ သက်ရောက်လာနိုင်သော ကြောင့် ယင်းမီးတောင်ပေါက်ကွဲ သည်ဖြစ်စေ၊ မပေါက်ကွဲသည် ဖြစ်စေ ဒေသခံများအတွက် င လျင် သဘာဝဘေးကြိုတင်ကာ ကွယ်ရေးအတွက် သိရှိရန် လို အပ်ကြောင်း နိုင်ငံတကာ မိုးလေ ဝသဌာနများ၏ သတင်းထုတ်ပြန် ချက်များကို ကိုးကား၍ ဒေသ တွင်း ရာသီဥတု အခြေအနေများ သတင်းထုတ်ပြန်ပေးနေသည့် MMweather Page တည်ထောင် သူ ကွန်ပျူတာပညာရှင် ဦးဝင်းနိုင် က ပြောသည်။

‘‘မီးတောင်ပေါက်ကွဲမယ်လို့ ဘယ်ပညာရှင်ကမှလည်း မပြော နိုင်ဘူး။ သဘာဝအလျောက် ဘာ ဖြစ်လာမလဲ ဘယ်သူမှတော့ မ သိဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံ နဲ့ ဆက်စပ်မှုရှိနေတော့ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ် ဖို့အတွက် အစိုးရက ဦးဆောင်ပြီး အင်တိုက်အားတိုက် သရုပ်ပြလေ့ ကျင့်တာမျိုး လုပ်သင့်တယ်။ အဲဒီ လို သဘာဝဘေး ဖြစ်မလာရင် တောင် လေ့ကျင့်ပြီးသားဖြစ်တယ် ဗျာ’’ဟု ဦးဝင်းနိုင်က ပြောသည်။

ဘာရန်ကျွန်းသည် မြန်မာ့ ကမ်းရိုးတန်းနှင့် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀ ခန့်) ဝေးကွာသော ကြောင့် အကယ်၍ မီးတောင် ပေါက်ကွဲပြီး ဆူနာမီလှိုင်းများဖြစ် ပွားလျှင် ကမ်းရိုးတန်းဒေသနေသူ များ မိနစ် ၃၀ မှ တစ်နာရီအတွင်း ပြင်ဆင်ချိန်ရသောကြောင့် ယင်း အခြေအနေပေါ် မူတည်၍ လုံ လောက်သော လေ့ကျင့်မှုပြုလုပ် ထားသင့်ကြောင်း မြန်မာနိုင်ငံမြေ ငလျင်ကော်မတီမှ တာဝန်ရှိသူ များက အကြံပြုသည်။ တနင်္သာရီ ကမ်းရိုးတန်းဒေသများသည် ကုန်းမြင့်ဖြစ်သောကြောင့် ရေ ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် လွယ်ကူပြီး ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေ သမှာ မြေနိမ့်သောကြောင့် အလွယ်တကူ တိမ်းရှောင်နိုင်ရန် လမ်းကြောင်းပြမြေပုံများဖြင့်လေ့ကျင့်ထားသင့်ကြောင်း မြေငလျင်ကော်မတီက အကြံပြုထားသည်။

ကပ္ပလီပင်လယ်အတွင်းရှိ မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၂၅၀ ခန့်ကွာဝေးပြီး မီးတောင်ပေါက်ကွဲနိုင်သော လက္ခဏာများ တွေ့ရှိရသည်ဟု မြေငလျင်ပညာရှင်များ သတိပေးသော ဘာရန်ကျွန်းကို Google Map မှ တွေ့ရစဉ်

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment