Pages

Saturday, May 9, 2015

ကားနောက်ဖုံးတွင် တင်လာသည့် မြန်မာများကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ


RangonNewsDaily:: May . 9 .2015
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲမှာ ကားနောက်ဖုံးမှာတင်လာတဲ့ တရားမ၀င် မြန်မာ ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မေလ ၆ ရက် ညနေ ၄ နာရီကျော်လောက်က တကွာပါမြို့နယ် ဗန်မုန့်ကျေးရွာအုပ်စု ထဲမှာ မသင်္ကာဖွယ် နစ်ဆန်းအမျိုးအစား ဆလွန်းကားတစီး ရွာအ၀င်ဂိတ်ကိုဖြတ်ပြီး ခေါက်တုံ့ ခေါက်ပြန်သွားလာနေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က တွေ့ရတဲ့အတွက် သင်္ကာမကင်း ဖြစ်ပြီး အထူးလုံခြုံရေးအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊ အထူးအဖွဲ့က စောင့်ဆိုင်းစစ်ဆေးရာ မှာ ကားနောက်ဖုံးမှာ တရားမ၀င် ၀င်ရောက်လာသူတွေကို တွေ့ရတယ်လို့ တာဝန်ရှိသူတဦး က သတင်းထောက်ကို ပြောပါတယ်။


ဆက်လက်စစ်ဆေးချက်အရ အဲဒီကားကို ထိုင်းလူမျိုး နိုင်းဖောဒေချ တွန့်ချေ့ ဆိုသူက ရနောင်း ဘက်ကနေ တရားမ၀င်အလုပ်သမားတွေ တင်ဆောင် မောင်းနှင်လာတာ ဖြစ်ပြီး စစ်ဆေးရေး ဂိတ်မှာ တာဝန်ရှိသူတွေမသိအောင် ကားနောက်ဖုံးကနေ တကြိမ်လျှင် ၂ ယောက် ၃ ယောက် ခွဲပြီးတင်ဆောင်ခဲ့ကြောင်း၊ လူကုန်မှ အားလုံးကို ကားပေါ်တစုတည်း ပြန်တင်ပြီး ခရီးဆက် သွားဖို့ ဖြစ်တယ်လို့ ယာဉ်မောင်းက ထွက်ဆိုဝင်ခံခဲ့ပါတယ်။
-
ဒီခရီးစဉ်မှာ တရားမ၀င်သူ ၁၀ ဦး ပါလာပြီး အားလုံးမြန်မာနိုင်ငံသားတွေ ဖြစ်ကာ လ၀ကဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အထူးလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။
ဓာတ်ပုံ -thairath
By DVB ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment