Pages

Saturday, May 9, 2015

အငြင်းပွားပင်လယ်ပြင်ပိုင်နက်မှ ဖိလစ်ပိုင်လေတပ်ဖယ်ရှားရန် တရုတ်သတိပေးတောင်တရုတ်ပင်လယ်သန္တာကျောက်တန်းများပေါ် တရုတ်လေယာဉ်ပြေးလမ်းတည်ဆောက်နေ

မနီလာ ။ RangonNewsDaily:: May . 9 .2015
တောင်တရုတ်ပင်လယ်ရှိအငြင်း ပွားပင်လယ်ပိုက်နက်များမှ ဖိလစ် ပိုင်လေတပ်နှင့်ရေတပ်သုံးလေယာဉ် များ ထွက်ခွာကြရန် တရုတ်နိုင်ငံ က ခြောက်ကြိမ်ထက်မနည်းသတိ ပေးပြောကြားခဲ့သည်ဟု အဆိုပါ ပင်လယ်ရေကြောင်းဒေသအတွက် တာဝန်ယူလျက်ရှိသော ဖိလစ်ပိုင် စစ်ဦးစီးချုပ်က ဖိလစ်ပိုင်အထက် လွှတ်တော် ကြားနာစစ်ဆေးမှုတွင် ထွက်ဆိုခဲ့သည်။
ဆိုပါသတိပေးပြောကြား ချက်များ ဖြစ်ပေါ်ခဲ့သည့်ကာလ ကို ဒုတိယရေတပ်ဦးစီးချုပ် အလက်ဇန္ဒားလိုပက်ဇ်က ထုတ် ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း ပြီးခဲ့သည့် သုံးလအတွင်းသတိ ပေးချက်များဖြစ်ပေါ်လာခဲ့သည်ဟု ဖိလစ်ပိုင်လေတပ် အကြီးတန်း အရာရှိတစ်ဦးကပြောသည်။
-
တောင် တရုတ်ပင်လယ်တွင်းရှိ စပရက် တလေကျွန်းစု၏အထက် ဝေဟင် တွင် သီးသန့်လေကြောင်းဇုန်သတ် မှတ်နိုင်ရန် ပင်လယ်ရေကြောင်း အခြေအနေကို တရုတ်နိုင်ငံက အားစမ်းလာနိုင်သည်ဟုအထက်ပါ လေတပ်တာဝန်ရှိသူကပြောသည်။
-
စပရက်တလေကျွန်းစုရှိတရုတ် နိုင်ငံကသိမ်းပိုက်ထားသော သန္တာ ကျောက်တန်းခုနစ်ခုပတ်ပတ်လည် ရှိ မြေကိုပိုင်နက်နယ်မြေအဖြစ် ရယူ ပြီးနောက် လက်ရှိတည်ဆောက် လျက်ရှိသော ကျွန်းတုများအနက် ကျွန်းတုတစ်ခုတွင် လေယာဉ် ပြေးလမ်းတစ်ခုဟုယူဆရသည့် တည်ဆောက်ရေးလုပ်ငန်းများကို တရုတ်နိုင်ငံက အလျင်အမြန်လုပ် ဆောင်လျက်ရှိသည်ဟု မကြာသေး မီက ဂြိုဟ်တုမှဖမ်းယူရရှိသည့် ဓာတ်ပုံများတွင်ဖော်ပြသည်။
-
၂ဝ၁၃ ခုနှစ်နှောင်းပိုင်းတွင် အရှေ့တရုတ်ပင်လယ်၏ ဝေဟင် တွင် ပျံသန်းသည့်လေယာဉ်များ သည် တရုတ်တာဝန်ရှိသူများထံ သို့ သတင်းပေးပို့ရန်သတ်မှတ်ခဲ့ သည့် လေကြောင်းကာကွယ်ရေး သတင်းပေးပို့မှုဇုန်နယ်မြေ သတ် မှတ်ချက်ကိုတရုတ်နိုင်ငံကကြေညာ ခဲ့ခြင်းကြောင့် ဂျပန်နှင့်အမေရိကန် ပြည်ထောင်စုက ပြစ်တင်ရှုတ်ချ ခဲ့သည်။ 
-
ကန်ဒေါ်လာ ငါးထရီ လီယံတန်ဖိုးရှိ နှစ်စဉ်ကုန်တင် သင်္ဘောဖြတ်သန်းမှုရှိသည့် တောင် တရုတ်ပင်လယ်ပိုင်နက်အများစုကို ပိုင်ဆိုင်သည်ဟု တရုတ်နိုင်ငံက ထုတ်ဖော်ပြောကြားထားသည်။
KTK (Reuters) ,The Union Daily::--
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment