Pages

Saturday, May 9, 2015

ဖားကန့်တွင် တောင်နံရံပြို၍ ကျောက်တူးဖော်သူ ခုနစ်ဦးသေဆုံး

RangonNewsDaily:: May . 9 .2015
ဖားကန့်တွင် မေလ ၇ ရက်ညက တောင်နံရံပြိုကျကာ တစ်နိုင်တစ်ပိုင်ကျောက်တူးဖော် ရှာဖွေသူ ခုနစ်ဦးေ သဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့ မှော်ဝန်းရပ် ကွက် ရတနာမြေစာပုံကျေးရွာ အနီးရှိ ဒေသအခေါ်မြေမှန်တောင် ပြိုကျခဲ့ပြီးကျောက်ရှာ ဖွေသူအမျိုးသား ခုနစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖားကန့် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ကျောက်တူးနေသူများက တောင်ခြေကို တူးနေစဉ် ပေ ၄၀ ခန့်အမြင့်မှ တောင်နံရံပြိုကျလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို မေလ ၈ ရက်တွင် ရဲတပ်ဖွဲ့က ဦးဆောင်ကာ ပြန်ဖော်ခဲ့ပြီး သေမှုသေခင်းဖွင့်ကာ ဆက်လက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment