Pages

Saturday, May 9, 2015

မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်းကို ဆေးမှုဖြင့် ဖမ်း

RangonNewsDaily:: May . 9 .2015
မြန်မာ့လက်ရွေးစင် ဂိုးသမား (ဟောင်း) ကျော်ဇင် ထက်မောင်းနှင်လာသည့် ကား ပေါ်တွင် ဆေးခြောက်ဟုယူဆရ သော အရွက်များ ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။

တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်အတွင်း ကျော်ဇင်ထက် မောင်းနှင်လာသည့် ကားကို မေလ ၁ ရက် နေ့လယ် ၁ နာရီကျော်တွင် စစ်ဆေးရာ ဆေးခြောက်ဟုယူဆရသော အရွက်၊ အမှုန့်၊ အစေ့ရော သုံး ဂရမ်နှင့် ဆေးလိပ်ဘူးခွံအတွင်းတွင် ဆေးခြောက်ရောစပ်ထားသည့် ဆေးလိပ်တိုသုံးခုတို့ကို ရှာဖွေဖမ်းဆီးရမိခဲ့သည်ဟု တာမွေမြို့မရဲစခန်းမှ ရဲအုပ်ခင်ဝင်းက ပြောသည်။

‘‘ခြင်္သေ့သုံးကောင်ဆေးလိပ် တိုနှစ်ခုနဲ့ ဂျက်တံဆိပ်ဆေးလိပ် တိုတစ်ခုမှာလည်း ဆေးခြောက် ရောစပ်ပြီး သောက်ထားတယ်။ ရှာဖွေတဲ့ အချိန်မှာ မိတာတော့ ဒီလောက်ပမာဏပဲရှိပါတယ်။ သူတို့တွေ ဘယ်ေမှာ သောက်ပြီး ကုန်သွားလဲဆိုတာတော့ မသိဘူး။အမှုကိုတော့ ဆက်ပြီး စစ်နေပါ တယ်’’ဟု ၎င်းက ပြောသည်။

လက်ရွေးစင်ဂိုးသမားဟောင်း ကျော်ဇင်ထက်မှာ ကမ္ဘောဇဘောလုံးအသင်းတွင် ဂိုးသမား အဖြစ်ပါဝင်ကစားနေသူ ဖြစ်သည်။

‘‘အသင်းလေ့ကျင့်ခန်းလုပ် တဲ့အခါမှာ သူက လာချင်လည်း လာတယ်။ မလာတဲ့အခါလည်း မလာဘူး။ အခုလိုဖြစ်တယ်ဆိုတာတော့ မသိသေးပါဘူး။ သူလေ့ကျင့်ခန်းမဆင်းတာတော့ ဧပြီလလောက်ကတည်းက လာမဆင်းဘူး’’ဟု အသင်းဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။

ကျော်ဇင်ထက်နှင့်အတူ အမျိုးသား သုံးဦးကို တာမွေမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးဆိုင်ရာ ပုဒ်မများဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ဧပြီမှစတင်ကာ မူးယစ်ဆေးဝါးနှင့် ကာမစိတ်ကြွဆေးများကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေပြီး ဧပြီအတွင်း မူးယစ်ဆေးဝါးအမှု ၇၀ ဖမ်းဆီးအရေးယူခဲ့သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment