Pages

Saturday, May 9, 2015

ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် ကင်းကောင် ဦးခေါင်းခွဲစိတ်ရန် မလိုဘဲ စောင့်ကြည့်အဆင့်တွင်သာရှိ


RangonNewsDaily:: May . 9 .2015
သရဲကြီးလေးကောင် ပြဇာတ်မှ တစ်ဆင့် လူကြိုက်များ နာမည်ကျော်လာခဲ့သော ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် ကင်းကောင်သည် ပြင်ဦးလွင်မြို့တွင် ဇာတ်ကားရိုက်ကူးရန် ရောက်ရှိနေစဉ်အတွင်း မူးလဲခဲ့ရာ ဦးနှောက်သွေးကြောငယ်လေးများ ပေါက်သွားပြီး သွေးခဲသွားခဲ့သော်လည်း ချောင်းဆိုးခြင်း၊ အန်ခြင်းများ မဖြစ်ပေါ်ပါက ဦးခေါင်းခွဲစိတ်မှု ပြုလုပ်ရန် မလိုအပ်တော့သဖြင့် စောင့်ကြည့်အခြေအနေတွင် ရှိနေကြောင်း အဆိုပါ ကင်းကောင်၏ သားဖြစ်သူ ကိုရဲမွန်အောင်က ပြောကြားသည်။

ဟာသသရုပ်ဆောင် ကင်းကောင်သည် မန္တလေးမြို့တော်ရှိ နန်းတော် အထူးကုဆေးရုံတွင် မေလ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က စတင်ဆေးကုသမှုခံခဲ့ရာ မေလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ထိ သတိရပြီး စကားများ ကောင်းမွန်စွာ ပြောဆိုနေနိုင်ပြီ ဖြစ်သည့်အတွက် သုံးရက်ခန့်ထပ်မံ၍ ဆေးကုသမှု ခံယူပြီးပါက ဆေးရုံမှ ဆင်းနိုင်ပြီဟု ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီးက ပြောကြားထားကြောင်း ဦးကင်းကောင်က ပြောကြားသည်။

မန္တလေးမြို့တော်တွင် သုံးရက်ခန့် ဆေးကုသစဉ် လက်ရှိအခြေအနေတိုင်း ကောင်းမွန်ပါက ဆေးရုံမှဆင်းပြီး ရန်ကုန်တွင် ထပ်မံကုသမှုခံယူကာ ကျန်းမာရေး အခြေအနေအရ ရိုက်ကူးရေးများကို ခေတ္တနားဦးမည် ဖြစ်ကြောင်း ဦးကင်းကောင်က ထပ်လောင်းပြောကြားသည်။

“ဆရာဝန်ကြီးက ပြောတယ်။ ဒါမျိုးဖြစ်တာ အရမ်းအန္တရာယ် များတယ်။ ဥပမာ- အတိတ်မေ့တာမျိုး ဖြစ်သွားနိုင်တယ်။ ချောင်းဆိုး၊ အန်တာတို့ဆိုရင် အန္တရာယ်များတယ်။ ခွဲစိတ်ရနိုင်တယ်။ အဲဒီအချိန်မှာ ဆီးချို၊ သွေးချိုရှိရင် ခွဲလို့မရဘူး။ ပရိသတ်ကြီးကိုလည်း မစိုးရိမ်ပါနဲ့။ ကျွန်တော့်ချစ်သော၊ စိတ်ပူပေးကြသော ပရိသတ်ကြီး စိတ်မပူပါနဲ့ အချိန်တန်ရင် ပြန်ကောင်းသွားမှာပါ” ဟု ဦးကင်းကောင်က ဆိုသည်။

ပြင်ဦးလွင်မြို့တွင် သရုပ်ဆောင် ခန့်စည်သူ၊ အိချောပိုတို့ဖြင့် ဇာတ်ကားရိုက်ကူးရန် ရောက်ရှိနေချိန်တွင် မူးလဲခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ရိုက်ကူးရန် ဇာတ်ကားလေးကားခန့် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“မူးမလဲခင် ပထမရက်ကလည်း ဆိုင်ကယ်စီးရင်းနဲ့ချော်ပြီး ဆိုင်ကယ်လဲထားတဲ့ ဒဏ်ရာက ရှိသေးတယ်။ ခု ဓာတ်မှန်ရိုက်ကြည့်လိုက်တော့ ဦးနှောက်သွေးကြော အသေးလေး ပေါက်သွားတယ်။ သွေးထွက်ပြီး ခဲသွားတယ်တဲ့ စုပ်ထုတ်ရလောက်တဲ့ အခြေအနေထိ မဟုတ်ဘူး။ အခုတော့ သက်သာနေပြီ။ သွေးခဲတာကိုလည်း ဖျော်တဲ့စလိုင်းတွေ ချိတ်ထားတယ်” ဟု ကိုရဲမွန်အောင်က ထပ်မံဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းကလည်း တေးသံရှင် ဆိုတေး လိုက်ပါလာသည့် မော်တော်ယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၉၁/၃ တွင် ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်ခဲ့ရာမှ ဒဏ်ရာရရှိခဲ့ကာ မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူခဲ့ရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment