Pages

Saturday, May 9, 2015

ရန်ကင်းမြို့နယ်တွင် သမီးရည်းစားချင်းစကားများရာမှ အမျိုးသားက အမျိုးသမီးကို ဓားဖြင့် လေးချက်ထိုးသတ်

RangonNewsDaily:: May . 9 .2015
ရန်ကုန်မြို့ ရန်ကင်း မြို့နယ်တွင် မေလ ၇ ရက်က သမီးရည်းစားချင်းစကားများရာမှ အမျိုးသားက ဓားဖြင့် လေးချက်ထိုး သတ်ခဲ့သောကြောင့် အမျိုးသမီး မှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့သည်။

မေလ ၇ ရက် မွန်းလွဲ ၃ နာရီကျော်တွင် သမီးရည်းစားနှစ်ဦး ရန်ကင်း (၄) ရပ်ကွက် ရန်နိုင် လမ်းသွယ် (၇) အမျိုးသား၏ နေအိမ်၌ စကားများရာမှ အမျိုးသားက စိတ်မထိန်းနိုင်ဘဲ ဓားဖြင့် ထိုးသတ်ခဲ့ ခြင်းဖြစ်သည်ဟု ရန်ကင်းမြို့မရဲစခန်းမှ ဒုရဲမှူးဇော်ဇော်ကပြောသည်။

‘‘ရည်းစားဖြစ်နေတာ သုံးနှစ် လောက်ရှိပြီ ပြောတယ်။ ဒီနေ့ သူ တို့နှစ်ယောက် အခန်းထဲမှာတွေ့ တော့ ကောင်မလေးက နိုင်ငံခြား သွားမယ်ပြောတယ်။ ကောင်လေး ကလည်း မသွားဖို့တားတယ်။ ဒီ တော့ ကောင်မလေးက နင့်လို ကောင်မျိုးလည်း ငါမယူနိုင်ဘူး။ ငါ့ဘာသာငါသွားမယ်ပြောတော့ ကောင်လေးက စိတ်ဆိုးပြီး ဓားနဲ့ ထိုးတယ်။ ကောင်မလေးက နေရာမှာ ပွဲချင်းပြီး သေတယ်’’ဟု ဒုရဲမှူးဇော်ဇော်က ဆိုသည်။

လူသတ်တရားခံကို အဆို ပါနေအိမ်တွင် နာရီပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ရန် ကင်းမြို့မရဲစခန်းက အမှုကို ဆက်လက်စစ်ဆေးနေကာ အရိုးအသွား ၁၁ လက်မခွဲခန့်ရှိသည့် သက်သေခံဓားကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် (၂၃) နှစ်အရွယ်ရှိပြီး ဒုတိယနှစ်စီးပွားစီမံ (အဝေးသင်)တက်ရောက်နေသူဖြစ်သည်။ လူသတ်မှု ကျူးလွန်သူ အမျိုးသားမှာလည်း အသက်ရွယ်တူဖြစ်ကာ ကျောင်းအတူတက်ရောက်သူများဖြစ်ကြောင်း ဒုရဲမှူး ဇော်ဇော်က ဆိုသည်။

‘‘အခန်းထဲမှာ တံခါးပိတ် ထားတော့ အန်တီတို့လည်း အသံ တွေ သိပ်မကြားမိဘူး။ နောက် တော့မှ လူတွေရော ရဲတွေပါ ရောက်လာမှ လူသတ်မှုဖြစ်တယ် ဆိုတာ သိရတယ်။ အန်တီတော့ ကြောက်လို့ တံခါးတောင် ဖွင့်မ ကြည့်ရဲဘူး။ အလောင်းသယ်သွား တာတော့ မြင်လိုက်တယ်’’ဟု လူသတ်မှုဖြစ်ပွားသည့် အိမ်အနီးဝန်းကျင်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ ကလေးဘ၀မှစ၍ အစ်ကို ၀မ်းကွဲ၏ နေအိမ်တွင် နေထိုင်လာသူဖြစ် ပြီး မိဘများမှာ စစ်ကိုင်းတိုင်း၌ နေထိုင်ကြောင်း သိရသည်။ သေ ဆုံးသူအလောင်းကို ရန်ကုန်ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်ဆေးနေ သည်ဟု ရန်ကင်းမြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သည့် အသက် (၂၃) နှစ်အရွယ် အမျိုးသားကို ရန်ကင်းမြို့မရဲစခန်းတွင် ပုဒ်မ(၃၀၂) ဖြင့် အမှုဖွင့်အရေးယူထားသည်။ ရန်ကုန်တိုင်းဒေသကြီး၌၂၀၁၅ လေးလအတွင်း လူသတ်မှုပေါင်း ၅၈ မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment