Pages

Wednesday, December 26, 2012

လေယာဉ်မတော်တဆဖြစ်ပွားခဲ့သည့် Air Bagan လေယာဉ်မှ ရှာဖွေတွေ့ရှိခဲ့သည့် Black box အား စင်ကာပူနိုင်ငံသို့ ပို့ဆောင်၍ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းကို စုံစမ်းဖော်ထုတ်သွားမည်

ဒီဇင်ဘာ ၂၅ ရက်က ဟဲဟိုးမြို့တွင် လေယာဉ်မတော်တဆဖြစ်ပွားခဲ့သည့် Air Bagan လေယာဉ်မှ ရှာဖွေတွေ့ရှိခဲ့သည့် Black box အား စင်ကာပူနိုင်ငံသို့ ပို့ဆောင်၍ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းကို စုံစမ်းဖော်ထုတ်သွားမည်ဟု Air Bagan လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။ Black Box ဆိုသည်မှာ လေယာဉ်တစ်စီး၏ နောက်ဆုံးအချိန်ထိ လေယာဉ်၏ အပူချိန်၊ သွားနှုန်း၊ လေယာဉ်တက်ချိန်၊ ဆင်းချိန် အမြင့်နှုန်းအစရှိသော လေယာဉ်တစ်စီးလုံး၏ အချက်အလက်များကို နောက်ဆုံးအခြေအနေထိ ဖမ်းယူစုဆောင်းထားသည့် ပစ္စည်းအမျိုးအစားဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ အငြိမ်းစားယူထားသည့် ၀ါရင့်လေယာဉ်မှူးကြီး ဦးထွန်းတင့်အေးက ရှင်းပြသည်။

ထို့အပြင် လေယာဉ်ပျက်ကျရသည့်အခြေအနေနှင့် နောက်ဆုံးရအခြေအနေများကို သိရှိနိုင်ရေးအတွက် ယနေ့ညနေ ၄း၃၀ တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း ပဲလေ့(စ်)ဟိုတယ်တွင် Air Bagan လေကြောင်းလိုင်းကသတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန်ကြေငြာထားသည်။
 7days News:

0 comments:

Post a Comment