Pages

Wednesday, December 26, 2012

ဗန်ကောက်မြို့ အနီးရှိ တိုယိုတာ ကားစက်ရုံ မီးလောင်မှု ဖြစ်ပွား

ဗန်ကောက်မြို့ အနီးရှိ တိုယိုတာ ကားစက်ရုံ မီးလောင်မှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အနီးရှိ   တိုယိုတာ စက်ရုံတစ်ခု၏  အင်ဂျင်ဝိုင် လှောင်ကန် တစ်ခု၌ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း  နိုင်ငံပိုင် မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ မီးလောင်ရာ နေရာသို့ မီးသတ်ကားများ ရောက်ရှိလာပြီး ၃ နာရီ ခန့်ကြာအောင် ငြှိမ်းသတ် ခဲ့ရသည်။ ချာချောင်ဆို ပြည်နယ်  ဘန်ပိုခရိုင် ဗန်ကောက်မြို့  ဆင်ခြေဖုံး အရှေ့ပိုင်း ဒေသ၌ တည်ရှိသည့် အဆိုပါ စက်ရုံ အတွင်းမှ အဆောက်အအုံ အချို့သည် တချို့ တစ်ဝက်ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့အပြင် မီးလောင်မှု ဖြစ်ပွားရာ အနီးရှိ ဒေသခံ ပြည်သူများအား ဘေးကင်း ရာသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း၊ မီးလောင်မှု ဖြစ်ပွားစဉ် အလုပ်သမား များမှာ တနင်္ဂနွေနေ့ အလုပ်နားရက် ဖြစ်၍ စက်ရုံ အတွင်း မရှိကြပေ။  မီးလောင် မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှုများ ထုတ်ပြန်  ကြေညာခြင်း မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် အလုပ်သမား တစ်ဦးမှ လျှပ်စစ် ဝန်ပင့်ယာဉ်၏ ဘက်ထရီအား အချိန် ကြာကြာအား သွင်းခဲ့ရာ အပူရှိန် မြင့်တက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သံသယ ရှိကြောင်း ထုတ်ပြန်ချက် တစ်ခု၌ ဖော်ပြခဲ့သည်။ ယင်းစက်ရုံသည် ဂျပန်နိုင်ငံ အခြေစိုက် တိုယိုတာကား ထုတ်လုပ်ရေး ကုမ္ပဏီမှ ထိုင်းနိုင်ငံ၌ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ ဖြစ်ပွားမှုကြောင့် ပျက်စီးမှု တန်ဖိုးအား ယခုတိုင် မသိရ သေးသော်လည်း အချို့သော သတင်းထုတ် ပြန်ချက်များအရ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ သန်း ခန့် ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2752-2012-12-25-11-48-01

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အနီးရှိ တိုယိုတာ စက်ရုံတစ်ခု၏ အင်ဂျင်ဝိုင် လှောင်ကန် တစ်ခု၌ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာ ခဲ့သည်။
အဆိုပါ မီးလောင်ရာ နေရာသို့ မီးသတ်ကားများ ရောက်ရှိလာပြီး ၃ နာရီ ခန့်ကြာအောင် ငြှိမ်းသတ် ခဲ့ရသည်။ ချာ
ချောင်ဆို ပြည်နယ် ဘန်ပိုခရိုင် ဗန်ကောက်မြို့ ဆင်ခြေဖုံး အရှေ့ပိုင်း ဒေသ၌ တည်ရှိသည့် အဆိုပါ စက်ရုံ အတွင်း
မှ အဆောက်အအုံ အချို့သည် တချို့ တစ်ဝက်ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့အပြင် မီးလောင်မှု ဖြစ်ပွားရာ အနီးရှိ ဒေသခံ ပြည်သူများအား ဘေးကင်း ရာသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း၊ မီး

လာင်မှု ဖြစ်ပွားစဉ် အလုပ်သမား များမှာ တနင်္ဂနွေနေ့ အလုပ်နားရက် ဖြစ်၍ စက်ရုံ အတွင်းမရှိကြပေ။ မီးလောင် မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှုများ ထုတ်ပြန် ကြေညာခြင်း မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည်အလုပ်သမား တစ်ဦးမှလျှပ်စစ်ဝန်ပင့်ယာဉ်၏ ဘက်ထရီအား အချိန် ကြာကြာအား သွင်း

ခဲ့ရာ အပူရှိန် မြင့်တက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သံသယ ရှိကြောင်း ထုတ်ပြန်ချက် တစ်
ခု၌ ဖော်ပြခဲ့သည်။ ယင်းစက်ရုံသည် ဂျပန်နိုင်ငံ အခြေစိုက် တိုယိုတာကား ထုတ်လုပ်ရေး ကုမ္ပဏီမှ ထိုင်းနိုင်ငံ၌ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ ဖြစ်ပွားမှုကြောင့် ပျက်စီးမှု တန်ဖိုးအား ယခုတိုင် မသိရ သေးသော်လည်း အ
ချို့သော သတင်းထုတ် ပြန်ချက်များအရ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ သန်း ခန့် ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment