Pages

Wednesday, December 26, 2012

"မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းထား ရန် တောင်းဆို"

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခုလုံး၏ လိုအပ် ချက်များကို မဖြေရှင်းနိုင်သေးချိန်
တွင် စီမံကိန်းရပ်ဆိုင်းထားရန် မြန်မာ- တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးကော်
မတီမှတောင်းဆိုလိုက်သည်။
ဒေသဆိုင်ရာ အာဏာပိုင်များနဲ့အစိုးရတာဝန်ရှိသူတွေဟာ ဒေသခံ ပြည်သူလူထုဘက်မှာမရှိဘဲ ဖြစ်နေတာ
ကိုဝမ်းနည်းစွာ တွေ့မြင်ရပါတယ်။ ဒေသခံ ပြည်သူတွေရဲ့အခက်အခဲတွေ မပြေလည်သေးခင်မှာ စီမံကိန်း
ကို ရပ်ဆိုင်းထားဖို့ တောင်းဆိုပါတယ်''ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌ ဦးတင်သစ်က ပြောသည်။ 

ဒီဇင်ဘာ ၂၃ ရက်နေ့၌ ရန် ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ယင်းကော်မတီ၏ အစည်းအဝေးပွဲအပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လအတွင်း တွေ့ရှိချက်များ အပေါ် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ခဲ့ရာ ၄င်းအစီရင်ခံစာအရ အထက်ပါ အတိုင်း သဘောထား ထုတ်ပြန်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

၎င်းထုတ်ပြန်ချက်တွင် EIA လေ့လာဆန်းစစ်ချက် ပြုလုပ်ခဲ့သော ထိုင်း ကုမ္ပဏီ၏ အမည်နှင့် တွေ့ရှိချက်ရ

လဒ်များအား မြန်မာ ပြည်သူလူထုအား အသိပေးရန်၊ 

သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများအတွက် ပြန်လည် အစားထိုးမည့်အစီအစဉ် (Recovery Plan) ရေး
ဆွဲထုတ်ပြန် အကောင် အထည် ဖော်ရန်၊

ဒေသခံများ၏ မြေယာ သိမ်းယူစဉ် အသုံးပြုခဲ့ သည့် လျော်ကြေးမှာ စီမံကိန်းတစ်ခုလုံး ရင်းနှီး မြှုပ်နှံမှု၏ ဝ ဒသမ ဝ၁၂၈ ရာခိုင်နှုန်းသာရှိခြင်းအပေါ် ပြန်လည်သုံးသပ်ရန်၊ 

စီမံကိန်းလုပ်ငန်းအဆင့် ဆင့်အား ဒေသခံ ပြည်သူလူထုအား ကြိုတင်အသိပေးရန်၊ 

သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များကြောင့်ပိုက်လိုင်းပျက်စီးနိုင်မှုများအပေါ် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်
ညီ မညီ ဆန်းစစ်အကဲဖြတ်ရန်၊ 

ပင်လယ်ပြင် နှင့် ကုန်း တွင်း၌ ရေနံယိုဖိတ်မှုများ ပိုက်လိုင်းပေါက်ကွဲခြင်းများ ဖြစ်ပေါ်လာ လျှင် ပြည်သူများ
အနေဖြင့် မည်သို့လုပ်ဆောင်ရမည့် နည်းလမ်းများ ကို ရေနံနှင့်သဘာဝဓာတ်ငွေ့ မပို့လွှတ်မီ ကြိုတင်အသိ
ပညာပေးရန် စသောအချက်များပါဝင်ကြောင်း ၄င်းက ဆက်ပြောသည်။

'တရုတ်ပြည်မှာ မြေတစ်ဧက ကို မြန်မာငွေ ၃၂၄ သိန်းပေးလျော် ပါ တယ်။ မြန်မာဒေသခံတွေကိုတော့ ပျမ်း

မျှတစ်ဧက ၃၄ဝဝဝဝကျပ်ပဲရတဲ့အတွက်အလွန်ကွာပါတယ်။ ဒေသအလိုက် ပေးလျော်တဲ့ လျော်ကြေး သတ်
မှတ်ချက်တွေ မတူလို့ လည်း ပိုမိုနစ်နာပါသေးတယ်'ဟုယင်းကော်မတီ၏ သတင်းနှင့် ပြန် ကြားရေး တာဝန်
ခံ ဦးအောင်ကျော် စိုးက ပြောသည်။ 

ကုမ္ပဏီဘက်မှ စာသင်ကျောင်း၊ ဆေးခန်း၊ ရေတား အင်္ဂတေမြောင်း နှင့် နံရံပြုလုပ်ခြင်း၊ လမ်းများပြုပြင် ခြင်း

များ စသောကိစ္စရပ်များကို အသိ အမှတ်ပြုသော်လည်းစီမံကိန်းဖြတ်သန်းရာတစ်လျှောက်တွင်အရေး တကြီး
ဆောင်ရွက်ရန် လိုအပ်ချက်များ ရှိနေသောကြောင့် နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူ
များအား ဖြေရှင်းပေးရန် တိုက်တွန်းကြောင်း ၄င်းက ပြောသည်။

မြန်မာ-တရုတ်ရေနံပိုက်လိုင်း စီမံကိန်း၏ ချစ်ကြည်ရေးအဖွဲ့အား ဆက် သွယ်စုံစမ်းရာတွင် ကုမ္ပဏီ တာဝန်

ရှိသူများအနေဖြင့် ကော်မတီမှ ထုတ်ပြန်သော အစီရင်ခံစာပါ အချက်အလက်များအား လေ့လာ ရန် အချိန်
လိုအပ်နေကြောင်း၊ လေ့လာဆန်းစစ်ပြီးပါကကုမ္ပဏီဘက်မှတစ်စုံတစ်ရာထုတ်ဖော်ပြောဆိုမည် ဖြစ်ကြောင်း
၊ ယခုအချိန်တွင် မူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောသည်။

မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီကို သဇင် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ Arakan Ray Youth (ရခိုင်ပြည် နယ်)၊ Ayerawady West Development Organization (မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ငဖဲ)၊ Green Network (မကွေး)၊ Green Future (ရေနံချောင်း)၊ ပုပ္ပားတောင် ချစ်သူများအဖွဲ့၊ Green For All (တောင်သာ၊ မြင်းခြံ၊ နွား ထိုးကြီး)၊ စိမ်းရောင်စို (တံတားဦး) နှင့် (မန္တလေး)၊ စိမ်းလန်း၊ ပြင်ဦးလွင် စိမ်းရောင်စို (ကျောက်မဲ)၊ ရှမ်းပြည် နယ် မြောက်ပိုင်းဖွံ့ဖြိုးရေးအသင်း၊Sky Youth နှင့် ကျောက်ဖြူလူမှု ကွန်ရက်အဖွဲ့စသော လူမှုရေး အသင်း

အဖွဲ၁၄ ဖွဲ့ဖြင့် အောက်တိုဘာ၁ ရက်နေ့၌မန္တလေးမြို့ တွင်စတင်စုစည်းတည်ထောင်ထားခြင်း ဖြစ်ကြောင်း
 သိရသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာ ဝဓာတ်ငွေ့ပိုက်လိုင်းသည် အကျယ် မီတာ ၃ဝ ပိုက် လိုင်းအရှည် ကီလို မီ

တာ ၈၇ဝ၊ မြေအသုံးပြုမှု ၂၆ ဒသမ ၁စတုရန်းကီလိုမီတာ(၆၄၄၉ ဒသမ ၃ ဧက)ရှိကာစီမံကိန်းတစ်လျှောက်
ရှိ ဒေသခံပြည်သူများ၏ထိခိုက်နစ်နာမှုများအပေါ် ကော်မတီမှ စောင့် ကြည့်လေ့လာလျက်ရှိပြီး တွေ့ရှိချက်
များအပေါ် အစီရင်ခံစာနှင့် သဘော ထား ထုတ်ပြန်ချက်များအား နိုင်ငံတော်သမ္မတ နှင့် တာဝန်ရှိသူများထံ ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာ ဝဓာတ်ငွေ့ပိုက်လိုင်းအား CNPC ကုမ္ပဏီနှင့် အရှေ့တောင်အာရှ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီတို့ အဓိက ရင်းနှီးမြှုပ်နှံကြသည်။ မြန် မာဘက်မှ ၇ ဒသမ ၃၆၅ ရာခိုင် နှုန်းနှင့် CNPC အပါအဝင် အခြား ကုမ္ပဏီများမှ ၉၂ ဒသမ ၆၃၅ ရာခိုင်နှုန်း ပါဝင်၍ ရင်းနှီးမြှုပ်နှံထား ကာ CNPC ကုမ္ပဏီ၏ ရှယ်ယာ ထည့်ဝင်မှုမှာ ရာခိုင်နှုန်း အများဆုံး ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ တရားဝင် ထုတ်

ပန်ချက်များ အရ သိရသည်။

ပြည့်ဖြိုး၊ မိုးငယ်
Popular Myanmar News Journal 

0 comments:

Post a Comment