skip to main |
skip to sidebar
ထားဝယ်ရိုးရာ ယဉ်ကျေးမှု သပိတ်မျှောပွဲတော် ကျင်းပမည်
4:20 PM
Kolatt
RangonNewsDaily:: October. 15 .2013
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ဒေါင်းငူ/ တံငါရပ် ဆိပ်ကမ်းသာလမ်း ထားဝယ် မြစ်ကမ်းနဖူး၌
အောက်တိုဘာ ၁၉ ရက်တွင် ထားဝယ်ရိုးရာ ယဉ်ကျေးမှု သပိတ်မျှောပွဲတော်
ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်သည်
သာယာဝတီမြို့ (ယခု ထားဝယ်မြို့) အုပ်စိုးခဲ့သော ရွှေတောင်မြို့စား
ရွှေတောင်စား မင်းလက်ထက် ၁၁၂၄ ခုနှစ်က စတင်၍ နှစ်စဉ် ကျင်းပလာခဲ့သည်။
ထားဝယ် ရိုးရာဓလေ့ဖြစ်သည့် သီတင်းကျွတ် သပိတ်မျှော ပွဲတော်သည် ရှင်ဥပဂုတ္တ
မထေရ်မြတ်အား ရည်စူး၍ မြေသပိတ်တော်အတွင်း ဆွမ်း၊ ခဲဖွယ်၊ သစ်သီး၊
ဖယောင်းတိုင်၊ ဆီမီးတို့ဖြင့် ထည့်သွင်း ပူဇော်ပြီး တံခွန်၊
ကုက္ကားများဖြင့် ဆင်ယင်လျက် ထားဝယ်မြစ်အတွင်း သီတင်းကျွတ် လဆန်း ၁၄ ရက်
(အဖိတ်နေ့) ညနှင့် သီတင်းကျွတ် လပြည့်နေ့အကူး အရုဏ်ဦး မြစ်ရေကျချိန်တွင်
မျှောချ ဆက်ကပ်ပူဇော်သည့် ပွဲတော် ဖြစ်သည်။
ဆွမ်းသပိတ်များကို
ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းရှင်များက အထူးစီမံပြုလုပ်ကာ
ရောင်းချပေး သည့်အပြင် သပိတ်မျှော ပွဲတော်လာ ပြည်သူများအတွက်
ဆွမ်းသပိတ်များ မျှောချ ဆက်ကပ်နိုင်ရန် ပွဲတော် အကျိုးဆောင်များက
ဆွမ်းသပိတ်များကို အသင့် ပြင်ဆင်ထားသည်။
ယခုနှစ် ထားဝယ်ရိုးရာ
ယဉ်ကျေးမှု သပိတ်မျှောပွဲတော်ကို မြန်မာ့ရိုးရာ တေးဂီတ၊ ထားဝယ်ရိုးရာ သပိတ်
မျှောအက၊ ထားဝယ်ရိုးရာ ရေအိုးရွက် အက၊ ဇာတ်သဘင်ပွဲ၊ ကြည့်ချင်ပွဲ၊ အိုးစည်၊
ဒိုးပတ်ပြိုင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်
ဖြစ်ကြောင်း သိရသည်။
မြ၀တီ , kolatt(PBDN)
RangonNewsDaily
world time
0 comments:
Post a Comment