Pages

Tuesday, October 15, 2013

အိန္ဒိယဘာသာရေးပွဲတော်တွင် လူအုပ်ပြိုကျပြီး ၁၀၀ ကျော် သေဆုံး

Photo: အိန္ဒိယဘာသာရေးပွဲတော်တွင် လူအုပ်ပြိုကျပြီး ၁၀၀ ကျော် သေဆုံး
Monday, October 14, 2013

အိန္ဒိယ အလယ်ပိုင်းရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခုတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကြီးအတွင်း အသေအပျောက် ပမာဏ (၁၀၉)ဦးထိ မြင့်တက် လာသလို ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း အာဏာပိုင်းများက အတည်ပြုခဲ့သည်

အိန္ဒိယဘာသာရေးပွဲတော်တွင် လူအုပ်ပြိုကျပြီး ၁၀၀ ကျော် သေဆုံး
အိန္ဒိယ နိုင်ငံတွင် ဘာသာရေး ပွဲတော် တစ်ခု၌ ကောလာဟလ တစ်ခု ကို ကြောက်လန့်ကာ လူအများ ဝရုန်းသုန်းကား ပြေးလွှားရင်း လူ(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယ အလယ်ပိုင်းရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခုတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကြီးအတွင်း အသေ အပျောက် ပမာဏ (၁၀၉)ဦးထိ မြင့်တက်လာသလို ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း အာဏာပိုင်းများက အတည်ပြုခဲ့သည်။ တနင်္ဂနွေနေ့က မက်ဒ်ဟာပရာဒက်ရှ် ပြည်နယ်ရှိ ဘုရားကျောင်း တစ်ခုတွင် ထောင်နှင့်ချီသော ဘုရားဖူးများ စုရုံးနေစဉ် တံတားပြိုကျတော့ မည်ဟု ကောလာဟလတစ်ခု စတင်ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် ဘုရားဖူးများ ကြောက်လန့်တကြား ထွက်ပြေးရင်း လူအုပ်ပြိုကျ မှုကြီး ဖြစ်လာကာ အများအပြား သေဆုံးခဲ့ခြင်းဟု ရဲများက ပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့ ညနေပိုင်းထိ ရုပ်အလောင်း (၁၀၉)ခုကို ရယူနိုင်ခဲ့ပြီး နောက် ထပ် အသေအပျောက် အရေအတွက် မြင့်တက်လာမည်ကိုလည်း တာဝန်ရှိသူများက စိုးရိမ်နေသည်။ အနီးအနားရှိ ဆေးရုံများတွင်လည်း ဒဏ်ရာရရှိသူ အမြောက်အမြားကို လက်ခံ ကုသပေးနေရသည်။ ဟိန္ဒူ နတ်ဘုရားမ ဒါဂါကို ဂုဏ်ပြုကျင်းပသည့် (၁၀)ရက်ကြာ ဘာသာရေး ပွဲတော်တွင် လူပေါင်းများစွာတို့သည် နှစ်လမ်းသွား တံတားတစ်ခုပေါ်၌ ရှိနေခဲ့သည်။ ဆင်းမြစ်ကို ဖြတ်ကျော် ဖောက်လုပ်ထားသည့် တံတားပေါ်တွင် ထိုအချိန်က လူပေါင်း မည်၍မည်မျှ ရှိနေခဲ့သည်ကို တိတိကျကျ မသိရသေးချေ။

ဒေသဆိုင်ရာ သတင်းဌာနများက ယခုပွဲတော်သို့ လူပေါင်း(၅၀၀၀၀)မျှ လာရောက်ရန် စီစဉ်ခဲ့သော်လည်း ကောလာဟလများ ကြိုတင် ထွက်ပေါ် ခဲ့သည့်နောက် အချို့သည် လမ်းတစ်ဝက်တွင် လှည့်ပြန်သွားကြောင်း ဖော်ပြ ခဲ့သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဟာမက်ဆင်းက အလွန်ဝမ်းနည်းမိပြီး အသက်ပေါင်းများစွာ ဆုံးရှုံးသဖြင့် တုန်လှုပ် မိကြောင်း ပြော ဆိုခဲ့သလို တာဝန်ရှိသူများကိုလည်း ဒဏ်ရာရသူ များနှင့် သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအား အစွမ်းကုန် ကူညီရန် တိုက်တွန်း ပန်ကြားခဲ့သည်။ "ဒါဟာ ပွဲတော်နေ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ အားလုံးဟာ ထိခိုက် သေဆုံးသူတွေနဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးဖို့ပဲ ဦးတည်ရပါတော့မယ်"ဟု ဝန်ကြီးချုပ်က ပြောဆို သွားသည်။ 

Planet Myanmar Network

RangonNewsDaily:: October. 15 .2013
အိန္ဒိယ အလယ်ပိုင်းရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခုတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကြီးအတွင်း အသေအပျောက် ပမာဏ (၁၀၉)ဦးထိ မြင့်တက် လာသလို ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း အာဏာပိုင်းများက အတည်ပြုခဲ့သည် အိန္ဒိယဘာသာရေးပွဲတော်တွင် လူအုပ်ပြိုကျပြီး ၁၀၀ ကျော် သေဆုံး
အိန္ဒိယ နိုင်ငံတွင် ဘာသာရေး ပွဲတော် တစ်ခု၌ ကောလာဟလ တစ်ခု ကို ကြောက်လန့်ကာ လူအများ ဝရုန်းသုန်းကား ပြေးလွှားရင်း လူ(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 
 
အိန္ဒိယ အလယ်ပိုင်းရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခုတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကြီးအတွင်း အသေ အပျောက် ပမာဏ (၁၀၉)ဦးထိ မြင့်တက်လာသလို ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း အာဏာပိုင်းများက အတည်ပြုခဲ့သည်။ 
 
တနင်္ဂနွေနေ့က မက်ဒ်ဟာပရာဒက်ရှ် ပြည်နယ်ရှိ ဘုရားကျောင်း တစ်ခုတွင် ထောင်နှင့်ချီသော ဘုရားဖူးများ စုရုံးနေစဉ် တံတားပြိုကျတော့ မည်ဟု ကောလာဟလတစ်ခု စတင်ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် ဘုရားဖူးများ ကြောက်လန့်တကြား ထွက်ပြေးရင်း လူအုပ်ပြိုကျ မှုကြီး ဖြစ်လာကာ အများအပြား သေဆုံးခဲ့ခြင်းဟု ရဲများက ပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့ ညနေပိုင်းထိ ရုပ်အလောင်း (၁၀၉)ခုကို ရယူနိုင်ခဲ့ပြီး နောက် ထပ် အသေအပျောက် အရေအတွက် မြင့်တက်လာမည်ကိုလည်း တာဝန်ရှိသူများက စိုးရိမ်နေသည်။ အနီးအနားရှိ ဆေးရုံများတွင်လည်း ဒဏ်ရာရရှိသူ အမြောက်အမြားကို လက်ခံ ကုသပေးနေရသည်။ 
 
ဟိန္ဒူ နတ်ဘုရားမ ဒါဂါကို ဂုဏ်ပြုကျင်းပသည့် (၁၀)ရက်ကြာ ဘာသာရေး ပွဲတော်တွင် လူပေါင်းများစွာတို့သည် နှစ်လမ်းသွား တံတားတစ်ခုပေါ်၌ ရှိနေခဲ့သည်။ ဆင်းမြစ်ကို ဖြတ်ကျော် ဖောက်လုပ်ထားသည့် တံတားပေါ်တွင် ထိုအချိန်က လူပေါင်း မည်၍မည်မျှ ရှိနေခဲ့သည်ကို တိတိကျကျ မသိရသေးချေ။

ဒေသဆိုင်ရာ သတင်းဌာနများက ယခုပွဲတော်သို့ လူပေါင်း(၅၀၀၀၀)မျှ လာရောက်ရန် စီစဉ်ခဲ့သော်လည်း ကောလာဟလများ ကြိုတင် ထွက်ပေါ် ခဲ့သည့်နောက် အချို့သည် လမ်းတစ်ဝက်တွင် လှည့်ပြန်သွားကြောင်း ဖော်ပြ ခဲ့သည်။ 
 
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဟာမက်ဆင်းက အလွန်ဝမ်းနည်းမိပြီး အသက်ပေါင်းများစွာ ဆုံးရှုံးသဖြင့် တုန်လှုပ် မိကြောင်း ပြော ဆိုခဲ့သလို တာဝန်ရှိသူများကိုလည်း ဒဏ်ရာရသူ များနှင့် သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအား အစွမ်းကုန် ကူညီရန် တိုက်တွန်း ပန်ကြားခဲ့သည်။ 
 
"ဒါဟာ ပွဲတော်နေ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ အားလုံးဟာ ထိခိုက် သေဆုံးသူတွေနဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးဖို့ပဲ ဦးတည်ရပါတော့မယ်"ဟု ဝန်ကြီးချုပ်က ပြောဆို သွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment