Pages

Tuesday, October 15, 2013

ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှု တွင်ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူ ကို ဘန်ကောက်ရှိ ဆေးရုံသို့ ပို့ဆောင်ပြီ

RangonNewsDaily:: October. 15 .2013

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု မှ ဒဏ်ရာရသူ အမေရိကန်
နိုင်ငံသူကို ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ဘန်ကောက်ရှိ ဆေးရုံသို့ ပို့လိုက်ပြီဟု ဟိုတယ် ခရီး
ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။"အမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ ဗုံးအစအန ဒဏ်ရာရှိတယ် ။ဓာတ်မှန် မှာကြည့်ရတာတော့ ကျောက်
ကပ်သွေးခြေဥတယ်လို့ သိရတယ်။ ကျွန်တော်တို့ ဒီနေ့ပဲ သူ့ကို သွားကြည့်ခဲ့ပါတယ် ။ အမေရိ
ကန် သံရုံးကလည်း လာတွေ့တယ် ။ ဒီနေ့ပဲ SOS အေဂျင်စီ ရဲ့ လူနာတင်ယာဉ် နဲ့ လေယာဉ်ပေါ်
တင်ပြီး ထွက်သွားပါတယ်" ဟု ၄င်းကပြောသည်။
::
ကုန်သည်ကြီးများ ဟိုတယ်အခန်းနံပါတ် ၉၂၁ တွင် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀ မိနစ်
တွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူ Mrs.Tialoris ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Popular Myanmar ::-- , kolatt(PBDN)
RangonNewsDaily


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment