Pages

Tuesday, October 15, 2013

ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကတာဝန်ရှိသူများအားသတင်းပို့ပြီး ဆောင်ရွက်ရန် နည်းလမ်းများအား အသိပေးနှိုးဆော်ခြင်း

RangonNewsDaily:: October. 15 .2013
(၁) ဗုံး(သို့)မသင်္ကာဖွယ်ပစ္စည်းတစ်ခုခုကို တွေ့ရှိပါက ကိုင်တွယ်ခြင်း၊ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနသို့အမြန်ဆုံးသတင်းပို့အကြောင်းကြားရန်

(၂) သက်ဆိုင်ရာတာဝန်ရှိသည့် ၀န်ထမ်းများမှ ဗုံး(သို့)မသင်္ကာဖွယ်ရာတစ်ခုခုတွေ့ရှိသည့် နေရာ
ပတ်ဝန်းကျင်မှ လူများအား သတိပေးဖယ်ရှားရန်နှင့် အမှတ်အသား အလံစိုက်ထူထားရှိရန်
(၃) ဗုံးနှင့်ဗုံးဟု မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါကအနီးပတ်ဝန်းကျင်ရှိလူများအားရှင်းလင်း၍မိုင်း
စွန့်ကျင်းသို့သွားရောက်ထည့်ခြင်း၊သဲအိတ်၊ကားတာယာ၊အ၀တ်အထည်အိတ်စသည့်အနီးအနားရှိပစ္စည်းများဖြင့်ကာရံထားရှိရန်

(၄) မသင်္ကာဖွယ်ရာတွေ့ရှိသည့်ပတ်ဝန်းကျင်သို့တာဝန်မရှိသူများဝင်ရောက်မှုမရှိစေရေးအတွက်
တာဝန်ရှိသူများနှင့်ပူးပေါင်း၍လုံခြုံရေးဆောင်ရွက်ရမည်။ယာဉ်ပိတ်ဆို့မှုမရှိစေရေးအတွက်ယာဉ်
ထိန်းတပ်ဖွဲ့ဝင်များမှ လွှဲပြောင်းမောင်းနှင်စေရန်စီစဉ်ဆောင်ရွက်ပေးရမည်။

(၅) အနီးပတ်ဝန်းကျင်ရှိ အရေးကြီးပစ္စည်းများနှင့်မီးလောင်စေတတ်သောပစ္စည်းများအား အဝေး
သို့ရွှေ့ရန်။

(၆) ဗုံး(သို့)ပေါက်ကွဲစေတတ်သောပစ္စည်းသေချာပါက စစ်မြေပြင်အင်ဂျင်နီယာတပ်မှ မိုင်းရှင်း စစ်
သည်များနှင့် တာဝန်ရှိများထံတင်ပြပြီး တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် သက်မဲ့ဖြစ်အောင်ဆောင်
ရွက်ရန်၊

ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကမိဘပြည်သူများထိခိုက်မှုမဖြစ်စေရေးအတွက်အထက်ပါအတိုင်းလိုက်နာဆောင်ရွက်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော်အပ်
ပါသည်။

Yangon Police ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment