Pages

Tuesday, October 15, 2013

စည်ပင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး အမှိုက်သိမ်းယာဉ် တိုက်၍ သေဆုံး

RangonNewsDaily:: October. 15 .2013

မကွေးတိုင်းဒေသကြီးပခုက္ကူမြို့တွင်စည်ပင်သာယာအမှိုက်သိမ်းယာဉ်တိုက်မိ၍သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီး

တစ်ဦးသေဆုံးသွားကြောင်းပခုက္ကူမြို့ မြို့မရဲစခန်းထံမှစုံစမ်းသိရှိရသည်။အောက်တိုဘာလ၁၁ရက်နေ
ညနေ ၄ နာရီခန့်က ပခုက္ကူမြို့ အမှတ် (၁၅) ရပ်ကွက်ရှိ မြို့မလမ်းပေါ်တွင် စည်ပင်သာယာ ဝန်ထမ်း
သန့်ရှင်းရေးလုပ်သားများ သန့်ရှင်းရေး ဆောင်ရွက်နေစဉ် ဦးတင်မျိုး ထွန်း မောင်းနှင်လာသည့် အမှိုက်သိမ်း
ယာဉ်ကအမှိုက်များတင်ရန်အတွက်ယာဉ်ကို နောက်ဆုတ်ရာမှသန့်ရှင်းရေးဝန်ထမ်း ဒေါ်ပေါက်ကိုဝင်ရောက်
 တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အမှိုက်သိမ်းယာဉ် တိုက်ခံရသော ဒေါ်ပေါက်ကို ပခုက္ကူ ပြည်သူဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ရာ အမှိုက်

သိမ်း ယာဉ်မောင်းဝန်ထမ်း ဦးတင်မျိုး ထွန်းကို ယာဉ် (ပ) ၄၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄ အရ အရေးယူ ဆောင်
ရွက် လျက် ရှိကြောင်း အမှုစစ် ဒုရဲအုပ်ဌေးဝင်းက ပြောကြားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment