Pages

Sunday, September 21, 2014

iPhone 6 ၀ယ်ရန် တရုတ်အမျိုးသားတစ်ဦး ချစ်သူကို အငှားချ "


RangonNewsDaily:: September . 20 .2014
တရုတ်အမျိုးသားတစ်ဦးက နောက်ဆုံးထုတ် အိုင်ဖုန်းကို ၀ယ်ယူရန် လိုအပ်နေသော ငွေရရှိစေရေးအတွက် သူ၏ ချစ်သူကောင်မလေးအား ငှားရမ်းအသုံးပြုရန် ရှန်ဟိုင်းမြို့၏ လမ်းမများပေါ်တွင် ပိုစတာဘုတ် ကိုင်ဆောင်ကာ ကမ်းလှမ်းနေကြောင်း ဒေးလီးမေးလ်သတင်းတစ်ရပ်က ဆိုသည်။ရှန်ဟိုင်းမြို့ရှိ Songjiang University ၏ အပြင်ဘက်လမ်းမတွင် အသက် ၂၅နှစ်အရွယ် တရုတ်အမျိုးသား ၀ီချူးက မိန်းခလေးအဖါ် မျှဝေမည် ဟူသော ပိုစတာကို ကိုင်ရင်း လမ်းသွားလမ်းလာ အမျိုးသားများကို သူ၏ မိန်းခလေးချစ်သူ အား ငှားရမ်းအသုံးပြုရန် ကမ်းလှမ်းနေသည့် ဓါတ်ပုံများ တရုတ်ဆိုရှယ်မီဒီယာပေါ်တွင် ပျံနှံ့လာခဲ့သည်။

ဝီက စိတ်ဝင်စားသူ အမျိုးသားများကို သူ၏ အသက် ၂၁နှစ်အရွယ် ချစ်သူ ရှောင်အိ၏ ဓါတ်ပုံများအား ပြသပြီး တစ်နာရီလျှင် ဗြိတိန်သုံးငွေ ၁ပေါင်၊သီတင်းတစ်ပတ်လျှင် ၅ပေါင်နှင့် တစ်လလျှင် ပေါင် ၅၀ တို့ဖြင့် ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်ကြောင်း ရှင်းပြသည်။သို့ရာတွင် ညစာအတူစားခြင်းနှင့် သင်ခန်းစာများကို အတူလေ့လာခြင်းစသည့် တို့အတွက်သာ ဖြစ်သည်ဟု သူက ဆိုသည်။
::
ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ အက်ပဲ၏နောက်ဆုံးထုတ် အိုင်ဖုန်း၆ ကိုဝယ်ယူရန်ငွေကြေးလိုအပ်သောကြောင့်ဟု ၀ီက ဆိုပြီး သူ၏ ချစ်သူ ရှောင်အိကလည်း ထိုကဲ့သို့ လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု ဆိုသည်။
::
တရုတ်လူမှုကွန်ယက်တွင် တက်လာသော ဓါတ်ပုံများအရ
ဖြတ်သွားဖြတ်လာအမျိုးသားများက ၀ီ၏ ကမ်းလှမ်းမှုကို စိတ်ဝင်တစား စုံစမ်းမေးမြန်းကြပြီ ၀ီ၏ ဆန္ဒ မကြာခင် ပြည့်လိမ့်မည်ဟု ယူဆရကြောင်း လူမှုကွန်ယက်သုံးစွဲသူများက မှတ်ချက်ပြုကြသည်။

Ref: Daily Mail , Popular Myanmar::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment