Pages

Tuesday, February 10, 2015

မင်းလှမြို့တွင် ၅ဝဝဝ တန်အတု ၂၅ ရွက် ကိုင်ဆောင်သူဖမ်းဆီးရမိ

RangonNewsDaily:: February . 10 .2015
ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် မင်းလှ မြို့နယ် လက်ဆက်ကျေးရွာအုပ်စု စိန်ကန့်လန့်ကျေးရွာတွင် ၅ဝဝဝတန် ငွေစက္ကူအတုများ ကိုင်ဆောင်သူ အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၆ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မင်း လှမြို့နယ် အမှတ်(၁)ရဲစခန်းမှ သိရှိ ရသည်။

ငွေကျပ် ၅ဝဝဝတန် အတုကိုင် ဆောင်သူ အမျိုးသမီးသည် ကုန်စုံ ဆိုင်နှစ်ဆိုင်တွင် ငွေစက္ကူအစစ်သ ဖွယ် ကိုင်ဆောင်သုံးစွဲနေသည်ကို ကုန်စုံဆိုင်တစ်ဆိုင်က သတင်းပေးမှု ကြောင့် ထိုအမျိုးသမီးအား စစ်ဆေး ရာ နေအိမ်တွင် ၅ဝဝဝတန် ငွေစက္ကူ အတု ၂၃ရွက်ကို ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

ငွေစက္ကူ ၅ဝဝဝတန်အတု ကိုင် ဆောင်သူက အဝတ်အထည်များ အ ရောင်း အဝယ်လုပ်ရန် တိုက်ကြီးမြို့ နယ်ရှိ ၄င်း၏မိတ်ဆွေဖြစ်သူထံမှ ငွေကျပ်သုံးသိန်းကို ချေးယူခဲ့ရာမှ ယ ခုကဲ့သို့ ညှပ်ပါလာခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ငွေစက္ကူအတု ကိုင်ဆောင်သူများ သည် ပြစ်မှုထင်ရှားရှိပါက ဗဟိုဘဏ် ဥပဒေပုဒ်မ-၁ဝ၅အရ အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံရနိုင် ဖွယ်ရှိကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးကိုနီက သုံးသပ်သည်။

လက်ရှိ မှုခင်းရဲတပ်ဖွဲ့မှ တိုက် ကြီးမြို့နယ်ရှိ ငွေထုတ်ချေးပေးနေသူ ကို လိုက်လံရှာဖွေစစ်ဆေးနေပြီး ဖြစ် စဉ်နှင့်ပတ်သက်၍ မင်းလှမြို့နယ် အ မှတ်(၁) ရဲစခန်းမှ ခေတ္တဒုရဲမှူးက တ ရားလိုပြုတိုင်ကြားကာ မင်းလှမြို့ နယ်ရဲစခန်းမှ ငွေစက္ကူအတုမှန်း သိလျက်နှင့် သုံးစွဲသူ ဒေါ်ခင်မာချိုအား (ပ)/ ၁၅၅/၂ဝ၁၅ ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၁ဝ၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

Democracy today , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment