Pages

Tuesday, February 10, 2015

ပြည်သူ့ရင်ပြင်ကို လုံခြုံရေးအရ နှစ်ရက် ခေတ္တပိတ်ထားမည်

RangonNewsDaily:: February . 10 .2015
ရန်ကုန် မြို့ရှိ ပြည်သူ့ရင်ပြင်အား ဖေဖော်ဝါ ရီ ၁၁ရက်နှင့် ၁၂ရက်တွင် လုံခြုံရေး အရ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
''ပြည်ထောင်စုနေ့မှာ လုံခြုံရေး အရ ပြည်သူ့ရင်ပြင်ကို ဖေဖော်ဝါရီ ၁၁ရက် နေ့လယ် ၁၂နာရီကနေ ဖေဖော်ဝါရီ ၁၂ရက် နေ့လယ် ၁၂ နာရီထိ ခေတ္တပိတ်ထားမှာပါ။ ပြည် ထောင်စုနေ့အခမ်းအနားကျင်းပပြီး တဲ့အချိန်အထိ ပိတ်ထားမှာပါ။အ ခမ်းအနားပြီးတာနဲ့ ပြည်သူတွေ ပုံ မှန်ဝင်ထွက်ပြီး အပန်းဖြေအနားယူ လို့ရပါပြီ''ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့နှင့် ချစ်သူများ နေ့တို့တွင် ရန်ကုန်မြို့၌ရှိသော ပန်း ခြံ ၆၃ခုအား ပုံမှန်အချိန်အတိုင်းသာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပြည်သူ့ရင်ပြင်မှ တာဝန်ရှိသူ မအေးအေးအောင်က ''ဖေဖော်ဝါရီ ၁၂ရက်မှာ ပြည်သူ့ရင်ပြင်မှာ ပြည် ထောင်စုနေ့အခမ်းအနားလုပ်မှာ ဖြစ်တဲ့အတွက် ၁၁ရက် နေ့လယ် ကစပိတ်မှာပါ။ ဖေဖော်ဝါရီ ၁၂ ရက်မှာ အခမ်းအနားပြီးတာနဲ့ ပြန် ဖွင့်ပေးမှာပါ''ဟုပြောသည်။

ယခုကဲ့သို့ ပြည်သူ့ရင်ပြင်အား ခေတ္တပိတ်ထားရခြင်းမှာ လုံခြုံရေး အရ ဆောင်ရွက်ရခြင်းဖြစ်ပြီး ယင်း နေ့အတွက် လုံခြုံရေးကိုလည်း သက် ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းရဲတပ်ဖွဲ့ များနှင့် လုံခြုံရေးအရ ထိရောက်စွာ ဆောင်ရွက်ထားမည်ဖြစ်သည်။

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ''အဲဒီနေ့ အတွက် လုံခြုံရေးကို တင်းတင်းကျပ် ကျပ်ဆောင်ရွက်ထားမှာပါ။ ရဲတပ်ဖွဲ့ ဝင်တွေအပြင် အရပ်ဝတ်တွေနဲ့လဲ လုံခြုံရေးအတွက် သတင်းစုဆောင်းမှု တွေ လုပ်သွားမှာပါ''ဟု ပြောသည်။

ဒီမိုကရေစီတူဒေး  , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment