Pages

Thursday, February 5, 2015

အသစ်ထွက်လာမည့် Samsung Galaxy S6 တွင် ငွေပေးချေမှုစနစ်သစ် ထည့်သွင်းမည်


RangonNewsDaily:: February . 4 .2015
ကိုရီးယားမီဒီယာတွေရဲ့ သတင်းများအရ Samsung ဟာ အသစ်ထွက်လာမည့် Galaxy S Series အသစ်ဖြစ်လာမည့် Galaxy S6 တွင် ငွေပေးချေမှုအသစ် တစ်မျိုးကို ထည့်သွင်း အသုံးပြုဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ Samsung ဟာ Visa လိုမျိုး အဓီကအသုံးပြုနိုင်မည့် ငွေပေးချေမှုစနစ်သစ် အဓီက ပါတနာအဖြစ် အသုံးပြုနိုင်ဖွယ်လဲ ရှိနေပါတယ်။

Apple ရဲ့ ငွေပေးချေမှုစနစ်ဖြစ်သည့် Apple Pay စနစ်ဟာ LoopPay နည်းပညာပေါ် မှာ အခြေပြုတည်ဆောက်ထားခြင်း ဖြစ်ပြီး အဆိုပါစနစ်ကနေ LoopPay Card တွေကနေလဲ ငွေပေးချေမှုကို ပြုလုပ်နိုင်ပါတယ်။ သို့သော်လည်း ပဲ Samsung ဟာ အဆိုပါ ငွေပေးချေမှုများကို သူရဲ့ Fingerprint စနစ်ကနေ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

 နောက်ဆုံးရရှိထားတဲ့ အချက်အလက်များအရ ကုမ္ပဏီကနေ နောက်ထပ်ထုတ်မယ့် Fingerprint စနစ်တွေမှာ လက်ဗွေစနစ်ကို အသုံးပြုဖို့အတွက် ပွတ်ဆွဲစရာမလိုပဲ အသုံးပြုနိုင်တော့ မှာ ဖြစ်ပါတယ်။

မကြာတော့တဲ့ အချိန်မှာတော့ LoopPay က ပြောကြားတာကတော့ အဆိုပါစနစ်များ အတွက် ပြင်ဆင်နေပြီး Galaxy S5 နှင့် Galaxy Note 4 တို့အတွက် သဘောတူမှု ရရှိထားပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံး Samsung ရဲ့ ငွေပေးချေမှုစနစ်သစ် ဟာ ဘယ်လိုမျိုးလာမယ်ဆိုတာကို လာမည့် မတ်လ ၁ ရက်နေ့မှာ ကျင်းပမဲ့ Galaxy Unpacked Event မှာ မြင်တွေ့ ရတော့ မှာ ဖြစ်ပါတယ်။

Ref : GSMARENA
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment