Pages

Friday, February 6, 2015

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဘတ်စ်ကားမီးရှို့တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခံရ


RangonNewsDaily:: February . 6 .2015
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟောင်း အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ခါလီဒါ ဇီယာ (Khaleda Zia) ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က နိုင်ငံအရှေ့ပိုင်းမှာ ဘတ်စ်ကား မီးရှို့တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စွဲချက်တင်ခံရပါတယ်။

မြို့တော် ဒါကာနဲ့ နိုင်ငံ အရှေ့တောင်ပိုင်းက ကောစ့်ဘဇား (Cox’s Bazar)မြို့ကို ပြေးဆွဲနေတဲ့ ဘတ်စ်ကား တိုက်ခိုက်ခံရတာဖြစ်ပြီး ခရီးသည် ၇ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဘတ်စ်ကား မီးရှို့တိုက်ခိုက်ခံရချိန်ဟာ ခရီးသည်အများစု အိပ်ပျော်နေကြချိန်လို့ မျက်မြင်ခရီးသည်တွေက ပြောဆိုပါတယ်။
ဒီအမှုနဲ့ စွဲချက်တင်ခံရသူ ၅၆ ဦးထဲမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ အတိုက်အခံခေါင်းဆောင်လည်းဖြစ်သူ ဇီယာလည်း ပါဝင်ခဲ့တာပါ။ ဒီတိုက်ခိုက်မှု ပတ်သက်တယ်ဆိုတဲ့ စွဲချက်ကို အတိုက်အခံ ဘီအန်ပီ (BNP) ပါတီ က ငြင်းဆန်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကိုလည်း ရှုတ်ချခဲ့ပါတယ်။


Untitled-7 copy၀န်ကြီးချုပ်ဟောင်း ဇီယာက တနိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆင်နွှဲဖို့ တောင်းဆိုခဲ့အပြီး ဘတ်စ်ကားတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲဆိုပြီး အတိုက်အခံ ဘီအန်ပီ ပါတီက သပိတ်မှောက်ထားတာပါ။
လက်ရှိ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) ကတော့ အစိုးရအတိုက်အခံတွေကို စစ်သွေးကြွတွေ၊ နိုင်ငံရေးနဲ့ အကြမ်းဖက်မှုနဲ့ ရောတဲ့သူတွေဆိုပြီး စွပ်စွဲခဲ့ပါတယ်။

အခုနှစ် နိုင်ငံရေးပဋိပက္ခတွေအတွင်း လူအနည်းဆုံး ၅၀ သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီအကြမ်းဖက်မှုနဲ့ လူသေဆုံးမှုတွေအတွက် ၀န်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာကို လိုအပ်ရင် ရုံးတင်မယ်လို့လည်း လက်ရှိ ၀န်ကြီးချုပ် ဟာစီနာက ပြောဆိုထားပါတယ်။

DVB , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment