Pages

Friday, February 6, 2015

" ၂ နှစ်အတွင်း ပိဋကတ်သုံးပုံ အာဂုံဆောင် ရဟန်းတော် ခုနစ်ပါး ပေါ်ထွက် "


RangonNewsDaily:: February . 6 .2015
တိပိဋကဓရ တိပိဋကကော ဝိဒစာမေးပွဲတွင် ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သည် ဆရာတော်နှစ်ပါး ထပ်မံထွက်ပေါ်လာသည့်အတွက် ၂ဝ၁၂ ခုနှစ်တွင် တိပိဋက ကောဝိဒ ဘွဲ့ရရှိခဲ့သည့် ဆယ့်သုံး
ပါးမြောက်အရှင်ဣန္ဒာစရိယအပြီး ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင် သည့်ဆရာတော်ခုနစ်ပါး အထိရှိပြီ ဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဌာနမှသိရသည်။

သီရိမင်္ဂလာ ကမ္ဘာအေးကုန်း မြေမဟာပါသာဏလိုက်ဂူတော်ကြီးတွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မှ ၂ဝ၁၅ ခုနှစ် ဇန်န ဝါရီလ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ သည့် ၆၇ ကြိမ်မြောက် တိပိဋကဓ ရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သည့် တိပိဋကဓရ ဆရာတော်နှစ်ပါးတစ်ပြိုင်နက်ထွက် ပေါ်ခဲ့သည်။

အဆိုပါ ဆရာတော်နှစ်ပါးမှာ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် တိပိဋက မဟာဂန္ထဝင် နိကာယ် ကျောင်းတိုက်မှ အရှင်ဝိစိတ္တသာရ နှင့်ဒဂုံမြို့နယ်စကားဝါလမ်းတိပိဋက ကျောင်းတော်မှ အရှင်စက္ကိန္ဒ
(မြိုင်) တို့ဖြစ်သည်။ ပိဋကတ်သုံးပုံမှာအလွန်များ ပြားသည့်အတွက် တစ်ကြိမ်တည်း နှင့် အောင်မြင်ရန် မလွယ်ကူခြင်း ကြောင့် ဝိနည်းနှစ်ပိုင်း၊ သုတ္တန်နှင့် အဘိဓမ္မာနှစ်ပိုင်းဟူ၍ အပိုင်းများ ခွဲ၍ဖြေဆိုရပြီးအပိုင်းတိုင်းကို အာ ဂုံဆောင်ခြင်းနှင့်ရေးဖြေတို့ ဖြေဆို ရသည်။ ပိဋကတ် သုံးပုံကို အာဂုံ ဆောင်ဖြေဆိုနိုင်သူများကို တိပိဋ ကဓရဘွဲ့ပေးပြီး ရေးဖြေပါဖြေဆို အောင်မြင်ပါက တိပိဋကကောဝိဒ ဘွဲ့ကို ထပ်မံရရှိကြောင်း
သာသနာရေး ဦးစီးဌာနမှ သိရသည်။

များသောအားဖြင့် ပိဋကတ် သုံးပုံကို အာဂုံဆောင်နိုင်သည့် အ သက်အရွယ်မှာ သက်တော် ၃ဝ ဝန်းကျင်တွင်များပြီး နောက်ဆုံး အပြီးသတ်ရေးဖြေ ဖြေဆိုရန်အ တွက်မူဆယ်နှစ်ခန့်အထိ ကြာသွား
လေ့ရှိကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ဆိုသည်။ ယခုအခါ ပျံလွန်တော်မူသွား ပြီဖြစ်သောဘဒ္ဒန္တသုမင်္ဂလာ လင်္ကာရ တစ်ပါးသာလျှင် သက်တော် ၂၇ နှစ်၌ တိပိဋကဓရစာမေးပွဲကို အသက်ငယ်ဆုံးအောင်မြင်ခဲ့သည်။

''ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းမှ ဦးသုမင်္ဂလက သူ့လို သက်တော် ၂၇ နှစ်နဲ့ ပိဋကတ် သုံးပုံအာဂုံဆောင်နိုင်ရင် သူ့ ကျောင်း တိုက်ကို လှူမယ်လို့ ကျောက်စာထူ ထားဖူးတယ်'' ဟု ရဟန်းလူထွက် ဦးချမ်းသာဆိုသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခုအကြိမ်တွင်ပိဋကတ်သုံးပုံ အောင်မြင်ခဲ့သည့်ဆရာတော်နှစ်ပါး မှာသက်တော် ၃၆ နှစ်နှင့် ၄ဝ နှစ် အရွယ်များဖြစ်ကြသည်။ 

ပိဋကတ် သုံးပုံအာဂုံဆောင်နိုင်ရန်အတွက်လည်း အရှင်ဝိစိတ္တသာရမှာ ဆယ့် လေးနှစ်ခန့်လေ့လာခဲ့ရပြီး အရှင် စက္ကိန္ဒ(မြိုင်)မှာ ဆယ့်ခုနစ်နှစ်အထိ လေ့လာခဲ့ရသည်ဟု သိရသည်။

လက်ရှိအချိန်အထိ မြန်မာ နိုင်ငံတွင် ပိဋကတ်သုံးပုံ အောင်ပြီး သော ဆရာတော် ဆယ့်သုံးပါးရှိ ပြီး ပထမဆုံး ပိဋကတ်သုံးပုံ အာဂုံဆောင်ခဲ့သူမှာ မင်းကွန်းဆရာ တော်ဘုရားကြီးဖြစ်သည်။ မင်းကွန်းဆရာတော် ဘုရားကြီးသည် သက်တော် လေးဆယ့်နှစ်နှစ်တွင် တိပိဋကဘွဲ့ကို ရရှိခဲ့သည်။

မင်းကွန်းဆရာတော် ဘုရားကြီးသည် တိပိဋကတ်သုံးပုံကို အာဂုံဆောင်ရာတွင် နားထောင်ရ အလွန်ရှင်းပြီး ရေးဖြေတွင်လည်း အမှတ်ပြည့်ရရှိခဲ့သောကြောင့် တစ်ဦးတည်းသော မဟာအဆင့်ဖြင့်
အောင်မြင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် ပိဋကတ်သုံးပုံ အောင်မြင်သည့် ဆရာတော်များအနက် ကိုးပါးသာ သက်ရှိထင်ရှားရှိပြီး လေးပါးမှာ ပျံလွန်တော်မူပြီ ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

Popular Myanmar , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment