Pages

Friday, February 6, 2015

အိုက်အက်စ်အဖွဲ့ချေမှုန်းရေး ဂျပန်အောက်လွှတ်တော် အတည်ပြု


RangonNewsDaily:: February . 6 .2015
ဂျပန်သတင်းထောက် ၂ ယောက်နဲ့ ဂျော်ဒန်လေယာဉ်မှူးတို့ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ သတ်ဖြတ်ခံခဲ့ရပြီးနောက် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ ချေမှုန်းရေး ဆုံးဖြတ်ချက်ကို ဂျပန်အောက်လွှတ်တော်ကနေ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ သြဇာကြီးမားတဲ့ အောက်လွှတ်တော်ကနေ ဒီနေ့ အတည်ပြုလိုက်တာပါ။
Untitled-8 copyအရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ တိုးမြှင့်ပေးရင်း အိုင်အက်စ်စစ်သွေးကြွတွေကို နိုင်ငံတကာနဲ့ ပူးတွဲနှိမ်နင်းဖို့ အောက်လွှတ်တော်က ဒီဆုံးဖြတ်ချက်ထဲမှာ အစိုးရကို တိုက်တွန်းလိုက်တာပါ။

အစိုးရအနေနဲ့ ပြည်တွင်းနဲ့ ပြည်ပရောက် ဂျပန်လူမျိုးတွေရဲ့ ဘေးကင်းလုံခြုံရေးကို ပိုမိုစိတ်ချရအောင် ကာကွယ်ဆောင်ရွက်ပေးဖို့ ဒီဆုံးဖြတ်ချက်မှာ တောင်းဆိုထားတယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါက ပြောပါတယ်။

အိုင်အက်စ်အကြမ်းဖက်တွေကို နှိမ်နင်းချေမှုန်းဖို့ ဒီအဆိုဟာ ဖေဖော်ဝါရီလ ၆ ရက် သောကြာနေ့မှာ အထက်လွှတ်တော်က အတည်ပြုပေးဖို့ မျှော်လင့်တယ်လို့ ဂျပန်မီဒီယာတွေက ပြောပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ စစ်ဆင်နေတဲ့ နိုင်ငံတွေအတွက် စစ်ရေးမဟုတ်တဲ့ အကူအညီ ဒေါ်လာ သန်း ၂၀၀ ကို ပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြေညာလိုက်ပြီးနောက်မှာ အိုင်အက်စ်အဖွဲ့ကလည်း သူတို့ဖမ်းမိထားတဲ့ ဂျပန်ဓားစာခံ ၂ ဦးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

အဲဒီခြိမ်းခြောက်မှုကို ဂျပန်အစိုးရအနေနဲ့ ပယ်ချလိုက်ပြီး သူတို့ရဲ့အကူအညီဟာ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုသာ ဖြစ်တယ်ဆိုပြီး အလေးအနက်ထား ပြောဆိုခဲ့ပါတယ်။

DVB , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment