Pages

Friday, February 6, 2015

ဘတ်စ်ကားစီးတဲ့ သံအမတ်


RangonNewsDaily:: February . 6 .2015
မနှစ် မိုးရာသီတုန်းက ရန်ကုန်တဖက်ကမ်း ဒလကို သွားပြီး ဆိုက်ကားစီးခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ် အခုတခေါက် ရန်ကုန်က ဘတ်စ်ကားကို စီးပြန်တယ်။ "ဗြိတိသျှသံရုံးမှာ အလုပ်လုပ်တဲ့ ၀န်ထမ်း အများစုက ရုံးနဲ့ ဝေးတဲ့နေရာကနေ လာကြရတယ်။ ဒါကြောင့် ကျွန်တော်လည်း သူတို့ ရုံးကို နေ့တိုင်း ဘယ်လို လာသလဲလို့ သိချင်မိတယ်။
ဘက်စ်ကားတွေက တော်တော် ဟောင်းတာ သတိထားမိတယ်။ ဒါတွေ မကြာခင် ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ခရီးသွားတွေနဲ့ စကားပြောရတာ သိပ်ကောင်းပါတယ်။

 ဒေသခံတွေ အနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို သူတို့ ဘယ်လိုမြင်တယ် ဆိုတာ သိရတာ အမြဲတမ်း စိတ်ဝင်စားစရာ ကောင်းပါတယ်" လို့ သံအမတ်ကြီးက ပြောတယ်တဲ့။ ဓာတ်ပုံတွေအရ သံအမတ်ကြီး ဘတ်စ်ကားစီးချိန်ဟာ ရုံးတက်ချိန်တော့ မဖြစ်လောက်ဘူး။ သူစီးတဲ့ ဘတ်စ်ကားက ချောင်နေတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် သက်တောင့်သက်သာ နေနိုင်တဲ့သူက ခက်ခဲတဲ့ဘဝတွေကို စိတ်ဝင်စားပြီး လေ့လာတာ ကောင်းပါတယ်။

 မြန်မာပြည်က လေအေးစက်တပ်ထားတဲ့ ကားလေးနဲ့ ရုံးခန်းထဲက စာရွက်တွေ၊ ကိန်းဂဏန်းတွေနဲ့ချည်း အလုပ်ရှုပ်နေတဲ့ "အဘ"တွေလည်း ဗြိတိသျှသံအမတ်လို တခါတခေါက် ဘတ်စ်ကား လိုက်စီးကြည့်ဖို့ ကြုံတုန်း တိုက်တွန်းလိုက်ပါရဲ့။
(ဓာတ်ပုံများ - Foreign Office news on Burma)
ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment

 
world time