Pages

Monday, February 16, 2015

မူဆယ်-- သိန်းနီသွား ၂၂ ဘီးယာဉ် ဘရိတ်ပေါက် ၀င်တိုက်၍ အိမ်ပြို ပြီး လူနှစ်ဦးသေ

RangonNewsDaily:: February . 15 .2015
မူဆယ်မှ သိန်းနီဘက်သို့ ပုလဲ မြေသြဇာအိတ်များ တင်ဆောင်လာ သည့် ယာဉ်မောင်း သောင်းလင်း မောင်းနှင်သည့် 5B/----- ၂၂ ဘီး ယာဉ်မှာ လမ်းဆုံကွေ့ မိုင်တိုင်အမှတ် ၂ဝ၆/ ၃/၄ အကြား၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၃ နာရီခန့်က ဘရိတ် ပေါက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောမှ မောင်းနှင်လာသည့် 6F/ ---- မတ်တူးယာဉ်ကို ဝင်ရောက် တိုက်မိပြီး လမ်း၏ယာဘက်ရှိ ဦးလှ မောင်(၈၃ နှစ်) နေအိမ်အတွင်းသို့ ဝင်သွားခဲ့သဖြင့် နေအိမ်တစ်ခုလုံး ပြိုကျပျက်စီးပြီး နေအိမ်အတွင်းရှိ ပရိဘောဂများနှင့် 3B/---- မတ်တူး ယာဉ်ကို ထပ်ဆင့်တိုက်မိခဲ့သည်။
ထိုသို့ အရှိန်မထိန်းနိုင်ဘဲ နေအိမ်ကို ဝင်ရောက်တိုက်မိသဖြင့် နေအိမ်အပေါ်ထပ်၌ အိပ်ပျော်နေ သူ ဦးလှမောင်(၈၃ နှစ်)၊ ဒေါ်နန်း အုန်းခင်(၄၈ နှစ်)၊ ဦးစိုင်းလောဝ်ခမ်း (၄၅ နှစ်) တို့တွင် ဒဏ်ရာများရရှိကြ သဖြင့် ဆေးရုံသို့တင်ပို့ကုသမှုခံယူ နေစဉ် ဦးလှမောင် (၈၃ နှစ်) သည် ရရှိသောဒဏ်ရာများဖြင့် သေဆုံး ပြီး ယာဉ်မောင်း သောင်းလင်းသည် စီယာတိုင်ကားဘော်ဒီနှင့် ညပ်ပိ လျက် သေဆုံးခဲ့ကြောင်း သိရသည်။
::
ယာဉ်ကို မဆင်မခြင်မောင်းနှင် သော ယာဉ်မောင်း သောင်းလင်းကို သိန်းနီမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ချစ်လှ(သိန်းနီ)
Myanmaalinn ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment