Pages

Monday, February 16, 2015

အောင်စစ်ခိုင် ပြည်-ရန်ကုန် ခရီးသည်တင်ယာဉ် တိမ်းမှောက် ၄ဦးသေ ၁၃ဦးဒဏ်ရာရ


RangonNewsDaily:: February . 15 .2015
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ကိုင်းပြင်ကြီး ကျေးရွာ အုပ်စုရှိ ရန်ကုန်-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁ဝဝ/၁) နှင့် (၁ဝဝ/၂) ကြား၌ ယနေ့နံနက် ၁ဝ နာရီခွဲက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပြည်မှရန်ကုန်သို့ ယာဉ်မောင်း ဦးသိန်းမြင့်မောင်းနှင်လာသော ယာဉ်အမှတ် 9I/--- အောင်စစ်ခိုင် ခရီးသည်တင်အမြန်ယာဉ်သည် အရှိန်လွန်၍ တိမ်းမှောက်ခဲ့ရာ ကားပေါ်တွင်လိုက်ပါစီးနင်းလာသော ခရီးသည်များ အနက် လေးဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို မင်းလှ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဦးသိန်းမြင့်အား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ကိုမျိုး(ရွှေပေါက္ကံ)
ဓာတ်ပုံ-ပေါက်စ (Iprd)
Myanmaalinn ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment